ဗိုလ်မှူးကြီးစောလွင်ကျဆုံးခြင်း ၆ လပြည့် အမှတ်တရအခမ်းအနားသို့ တက်ရောက်

ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစောလွင်(ခ)ဦးဌေးအောင် ကျဆုံးခြင်း ၆ လပြည့် အမှတ်တရအခမ်းအနားကို ၂၀၁၇ အောက်တိုဘာ ၂၅ ရက် နေ့လည်၁း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဉာဏ်လင်းသစ်သုတေသနစာကြည့်တိုက်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သားဖြစ်သူ ကိုထွန်းသူအောင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးခင်ဝင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီဝင် ဦးစိုးနိုင်သန်းတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဗိုလ်မှူးကြီးစောလွင်ဈာပနအား ရိုက်ကူးထားသည့် “အမှောင်ထုကိုအံတုရဲတဲ့ အလင်းတစ်ပွင့်” မှတ်တမ်းခွေ ရိုက်ကူးမှုနှင့်ပတ်သက်၍ သားကြီးမောင်ဇေယျနှင့် ကိုဉာဏ်ကြီးတို့က အမှတ်တရ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ဗိုလ်မှူးကြီးစောလွင်၏မိသားစုဝင်များ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး လူ့ဘောင်သစ်လူငယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

ပြည်သူ့စာရေးဆရာ ပြည်သူ့သတင်းစာဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့်အခမ်းအနားကို ၂၀၁၇ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းမှနေ့လည်ပိုင်းအထိ တောင်ဥက္ကလာပစိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ဆရာဦးအံ့မောင် သိက္ခာတော်ရဆရာဦးကျော်ညွန့် ကိုကိုးကျွန်းပြန်ဦးလှချို ဆရာဦးအောင်မော် ဆရာမဒေါ်ခင်နှင်းဦး ဆရာကိုလေးမြတ် သားဖြစ်သူ ဦးဗဟိန်းအောင်တို့က ဆရာဗန်းမော်တင်အောင်၏ စာပေနှင့်နိုင်ငံရေးဖြတ်သန်းမှုတို့ကို အမှတ်တရ ဂုဏ်ပြုပြောကြားခဲ့ကြပါသည်။ ထို့နောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်နှင့် ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစုတို့ကို ဆရာဗန်းမော်တင်အောင်မိသားစုက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံရေးနှင့် စာပေအနုပညာနယ်ပယ်မှပုဂ္ဂိုလ်များ ဆရာဗန်းမော်တင်အောင်ကို ချစ်ခင်လေးစားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

(SYCB)၏ စီစဉ်မှုဖြင့် ၁၄ ကြိမ်မြောက် World Youth Day for Democracy အထိမ်းအမှတ် ဆွေးနွေးပွဲသို့တက်ရောက်

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၏ စီစဉ်မှုဖြင့် ၁၄ ကြိမ်မြောက် World Youth Day for Democracy အထိမ်းအမှတ် ဆွေးနွေးပွဲကို ၂၀၁၇ အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ကိုသွင်လင်းအောင်က လူငယ်နှင့်ဒီမိုကရေစီ မိဆူးပွင့်က လူငယ်နှင့်ငြိမ်းချမ်းရေး မဖြိုးဖြိုးအောင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ် နှင့် စိတ်ပါဝင်စားသူလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း၂၉ နှစ်မြောက်နေ့ အထိမ်းအမှတ် “နိုင်ငံတကာနှင့်မြန်မာ့အရေး” နိုင်ငံရေးဆွေးနွေးပွဲ


Continue Reading

ပါတီ တည်ထောင်ခြင်း ၂၉ နှစ်ပြည့်အထိမ်းအမှတ် “နိုင်ငံတကာနှင့် မြန်မာ့အရေး” နိုင်ငံရေးဟောပြောဆွေးနွေးပွဲ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၉ နှစ်ပြည့်အထိမ်းအမှတ် “နိုင်ငံတကာနှင့် မြန်မာ့အရေး” နိုင်ငံရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၇ အောက်တိုဘာ ၁၄ ရက်နေ့လည် ၁း၀၀ နာရီ က ပါတီဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဦးအောင်သူငြိမ်း ဒေါက်တာရန်မျိုးသိမ်း ဦးအောင်မိုးဇော်တို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ တက်ရောက်လာသူများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ပါတီမွေးနေ့အထိမ်းအမှတ် သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ DPNS ပါတီရဲဘော်များ လူ့ဘောင်သစ်လူငယ်များ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗကသများအဖွဲ့ချုပ် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ YES ကျောင်းသူကျောင်းသားများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

DPNS ပါတီဥက္ကဋ္ဌနှင့် ပွင့်ဖြူမြို့နယ်စည်းကော်မတီဝင်များ တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် ၂၀၁၇၊ အောက်တိုဘာလ ၈ ရက်နေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်း၊ ဦးအောင်နိုင်ဦး၊ ဦးသန့်စင်တို့လည်း တက်ရောက်ခဲ့ကြပြီး ပွင့်ဖြူမြို့နယ်စည်းရုံးရေးအခြေအနေများ၊ မကွေးတိုင်းစည်းရုံးရေးကော်မတီ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (တတိယနေ့)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (Economic Literacy) ရရှိချက်များ ဆွေးနွေးပွဲကို ၂၀၁၇၊ အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ၂၀၁၇ အတွင်း ပါတီက ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဌာနချုပ်ရဲဘော်များက တက်ရောက်လာသည့်ရဲဘော်များအား တင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့်ရဲဘော်များကလည်း မိမိတို့ဒေသအသီးသီးရှိ အခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ၊ မန္တလေး၊ မကွေး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြင်းခြံ၊ တံတားဦးမြို့နယ်စည်းရုံးရေးကော်မတီတို့မှ ရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ – Economic Literacy (ဒုတိယနေ့)ကို ၂၀၁၇ အောက်တိုဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ မန္တလေး မြင်းခြံ တံတားဦး မကွေး ယင်းမာပင် ဆားလင်းကြီးမြို့နယ်တို့မှရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ – Economic Literacy (ပထမနေ့)ကို ၂၀၁၇ အောက်တိုဘာ ၄ ရက်နေ့တွင် မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ မန္တလေး မြင်းခြံ တံတားဦး မကွေး ယင်းမာပင် ဆားလင်းကြီးမြို့နယ်တို့မှရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading