ပါတီတွင်းအမျိုးသမီးများ၏ ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

၂၀၁၉၊ ဇွန်လ၊ ၂၅-၂၇။ ရန်ကုန် DIPD က စီစဉ်ကျင်းပသည့် ပါတီတွင်းအမျိုးသမီးများ၏ ခေါင်းဆောင်မှုအရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ပညာရှင်နှစ်ဦးက ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများ၊ ပါတီတွင်း ကောင်းမွန်သော ဆက်ဆံမှု တည်ဆောက်ရေး၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို ဖြေရှင်းခြင်းအစရှိသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်မေဖြူဆွေ နှင့် ရုံးအဖွဲ့မှူး မရွှေရည်လင်းထင်တို့ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

သောင်းကျန်းသူက ဘယ်အဖွဲ့အစည်းလဲဟု ရခိုင်ပြည်သူများ ပြန်လည် မေးခွန်းထုတ်

ရန်ကုန် – ဇွန် ၂၇“စစ်ပွဲဖြစ်လိုက်တိုင်း သူတို့ သုံးလိုက်တဲ့ အသုံးအနူန်း နောက်ဆက်တွဲ စစ်ဆေးတယ်၊ ဖမ်းဆီးတယ်၊ ရိုက်နှိက်တယ် အကုန်လုံးဟာ ပြည်သူတွေခံရတာက ဒီဟာ ဘယ်သူတွေလဲ၊ သူတို့ကို နှိပ်စက်တာ ဘယ်သူတွေလဲ၊ ဘယ်သူတွေက အကြမ်းဖက်လဲဆိုတာမျိုး ပြည်သူတွေက ကျန်တော်တို့ကို မေးလာတယ်” ။

Continue Reading

AA လက်နက်ကိုင်အဖွဲ့ရှိတဲ့နေရာမှာ အင်တာနက်ဖြတ်တောက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ဆို

——- အကုန်သိ သတင်းဌာန ——AA လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိတွေ့မှုဖြစ်ပွားနေတဲ့ နေရာတွေမှာ အင်တာနက်ဖြတ်တောက်လိုက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အခုလို ပြောခဲ့ပါတယ်။ တည်းဖြတ်- ကျော်ကြားဟိန်း

Continue Reading

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ

၂၀၁၉၊ ဇွန်၊ ၂၇။ ရန်ကုန်မြို့။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များသို့ ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းလေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီးနောက် ဇွန်လ ၂၇ ရက် နေ့လည် ၂းဝ၀ နာရီတွင် ရန်ကုန်မြို့၊ […]

Continue Reading

ရခိုင်အရေး သမ္မတကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ပေးဖို့ နိုင်ငံရေးအင်အားစုတွေတိုက်တွန်း

ရခိုင်အရေး သမ္မတကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ပေးဖို့ နိုင်ငံရေးအင်အားစုတွေတိုက်တွန်း ၂၇၊ ဇွန်၊ ၂၀၁၉။ Channel B

Continue Reading

DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)က SYCB လူငယ်လေ့ကျင့်ရေးစင်တာတွင် သွားရောက်ဆွေးနွေး

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB ၏ ဖိတ်ကြားချက်အရ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းသည် SYCB လူငယ်လေ့ကျင့်ရေးစင်တာသို့ သွားရောက်၍ ၂၂၊ ၆၊ ၂၀၁၉ နေ့တွင် “လက်ရှိနိင်ငံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၃၊ ၆၊ ၂၀၁၉ တွင် “ရွေးကောက်ပွဲဆိုင်ရာနှင့် ၂၀၂၀ အလားအလာ” ခေါင်းစဉ်ဖြင့်လည်းကောင်း သွားရောက်ဆွေးနွေးခဲ့ပါသည်။

Continue Reading

ရန်ကုန်တိုင်းဒေသကြီး၏ မြေအသုံးချမှုဆိုင်ရာ ဆွေးနွေးအမြင်ဖလှယ်ပွဲ တက်ရောက်

၂၂၊ ၆၊ ၂၀၁၉။ House of Orchid၊ ရန်ကုန်။ ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ တောင်သူလယ်သမားအစုအဖွဲ့က စီစဉ်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ မြေအသုံးချမှုဆိုင်ရာ ဆွေးနွေးအမြင်ဖလှယ်ပွဲကို ရန်ကုန်မြို့၊ House of Orchid တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် ဆရာဦးမြင့်သွင်က မြေယာမူဝါဒနှင့် ဆက်စပ်မြေယာဥပဒေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆွေးနွေးပွဲတက်ရောက်လာသူများကလည်း ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ အားကောင်းလာစေရန် လုပ်ဆောင်သင့်သည့် အချက်များနှင့် ကော်မတီအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ ဦးနိုင်လွင်ချိုနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဓာတ်ပုံ – EPDP

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာတွင် ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ကော်မတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ၌ ဇွန် ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်းခေါင်းစဉ်များ၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့်သယံဇာတများ စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ DPNS မြင်းခြံနှင့် တံတားဦးရဲဘော်များ၊ YNS ရဲဘော်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံ တောင်သူလယ်သမားများ၊ လယ်သမားအရေးဆောင်ရွက်သူများ စုစုပေါင်း ၁၀ဝ ကျော် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

DPNS မန္တလေးတိုင်း ပါတီကော်မတီဖော်ဆောင်ရေး ဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မန္တလေးတိုင်းပါတီကော်မတီ ဖေါ်ဆောင်ရေးနှင့် ပါတီတိုင်းရုံး ဖြစ်မြောက်ရေးအတွက် ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ဒေသတွင်းရှိ ပါတီဗဟိုကော်မတီဝင်များ၊ မြင်းခြံ တံတားဦးဒေသခံ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ တိုင်ပင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ (လေးရွာဆုံကျေးရွာ – ၂၀၊ ၆၊ ၂၀၁၉)

Continue Reading