၀ါးစိမ်းတောင်စီမံကိန်း စမ်းသပ်မှု ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ (VOA သတင်းဖော်ပြချက်)

၃၀ စက်တင်ဘာ၊ ၂၀၁၉။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ဝါးစိမ်းတောင်စီမံကိန်းကို ဒီကနေ့မှာ ဒေသခံ တထောင်နီးပါး ကန့်ကွက်ဆန္ဒပြခဲ့သလို၊ အရပ်ဖက်အဖွဲ့ ၁၈ ဖွဲ့ ပေါင်းထားတဲ့ Youth for a New Society (YNS) ကလည်း ဒီစီမံကိန်းကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒေသအာဏာပိုင်တွေကတော့ ဒီ စီမံကိန်းဟာ စမ်းသပ် လုပ်နေတဲ့ သဘောသာဖြစ်ပြီး၊ ဘာကိုမှ ထိခိုက်ဆုံးရှုံးစေမှာမဟုတ်ဘူးလို့ အာမခံ ပြောနေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်။ တရုတ်နိုင်ငံ မြန်မာယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင် ဒေသမှာရှိတဲ့ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးလုပ်ပိုင်ခွင့်ရသွားတဲ့အပေါ် ဒေသခံ တစ်ထောင် နီးပါးက စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းမှာ ကန့်ကွက်ဆန္ဒပြကြတာပါ။ ဝါးစိမ်းတောင် သတ္ထုတူးဖော်ရေးစီမံကိန်းကြောင့် […]

Continue Reading

၀ါးစိမ်းတောင်ဒေသစီမံကိန်းကန့်ကွက်ဆန္ဒပြ DPNS ရဲဘော်များ ပူးပေါင်းပါဝင်

၂၀၁၉၊ စက်တင်ဘာ ၃၀။ မုံရွာ။ ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဝါးစိမ်းတောင်ဒေသတွင် ဆောင်ရွက်မည့် ကြေးနီနှင့်ဓာတ်သတ္တု စမ်းသပ်ရှာဖွေရေး စီမံကိန်းအား ပြည်သူ့ဆန္ဒမပါဘဲ စမ်းသပ်လုပ်ကိုင်ခွင့်ပေးသည့်အပေါ် ဒေသခံပြည်သူအင်အား ၁၀ဝ၀ ကျော်က စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၌ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ ဆန္ဒပြပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကြိုဆိုထောက်ခံကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဆန္ဒပြပွဲတွင် ပါတီရဲဘော်များလည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။ဝါးစိမ်းတောင်ဒေသ ဓါတ်သတ္တုတူးဖော်ရေးစီမံကိန်းအား စမ်းသပ်ခွင့်ပြုပေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ပြန်လည်စဉ်းစားပြီး ဒေသခံလူထု၏ ဆန္ဒနှင့်အညီ ပြောင်းလဲဆုံးဖြတ်သင့်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် အဖွဲ့အစည်း ၁၈ ဖွဲ့၏ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် ဝါးစိမ်းတောင်ဒေသ စီမံကိန်းနယ်မြေဧရိယာတွင် ကျေးရွာပေါင်း ၁၂၀၊ စာသင်ကျောင်း ၈၆ ကျောင်း၊ ဘုန်းတော်ကြီး ၁၃၉ ကျောင်း၊ စိုက်ပျိုးမြေ […]

Continue Reading

MCE Rainbow ဆပ်ပြာစက်ရုံသပိတ် စာနယ်ဇင်းရှင်းလင်းပွဲတက်ရောက်

၂၀၁၉၊ စက်တင်ဘာ၊ ၂၉။ ရန်ကုန်။ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ (၁)ရှိ MCE Rainbow ဆပ်ပြာစက်ရုံ သပိတ်စခန်းတွင် ၂၉၊ ၉၊၂၀၁၉ ရက်နေ့ နံနက် ၁၀းဝ၀ နာရီ၌ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။သတင်းစာရှင်းလင်းပွဲတွင် MCE အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မအိဇင်ဖြိုးက သပိတ်ကို ၂၂၊ ၈၊၂၀၁၉ ရက်နေ့မှ စတင်ခဲ့ပြီး တောင်းဆိုချက် (၁၃) ရပ် တောင်းဆိုခဲ့ကြောင်း၊ ခုံသမာဓိကောင်စီ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် သဘောတူညီချက်များရရှိခဲ့ပြီး မိမိတို့သပိတ်မှောက်ရဲဘော်များက လက်ခံသော်လည်း အလုပ်ရှင်ဘက်မှ တစုံတရာ ဆက်သွယ်လာမှု မရှိသေးကြောင်း ထို့ကြောင့် မိမိတို့အနေဖြင့် သပိတ်စခန်းပိတ်သိမ်းရန်နှင့် အလုပ်ပြန်လည်ဝင်ရောက်ရန် ခက်ခဲလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ စက်ရုံတွင် အလုပ်သမားပေါင်း ၃၀၁ ယောက် ရှိရာ သပိတ်တွင် အလုပ်သမား ၉၀ […]

Continue Reading

ဒီမိုကရေစီအခြေအနေများ ပိုမိုပြည့်စုံမှသာ တိုင်းပြည်တခုလုံး၏ လုံခြုံရေးကို အာမခံနိုင်လိမ့်မည်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၈ / ၂၀၁၉)

Continue Reading

ကရင့်ခေါင်းဆောင်များ၏ ရုံးထုတ်သို့ သွားရောက်ဝန်းရံ

၂၀၁၉၊ စက်တင်ဘာ ၂၇။ ရန်ကုန်။ ကရင့်အာဇာနည်နေ့ကျင်းပမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ကို စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျောက်တံတားတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပါသည်။ မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီ လုပ်ဆောင်ထားခဲ့ခြင်းကို ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုခြင်းသည် ဖိနှိပ်မှုသက်သက်ဖြစ်သဖြင့် တရားခွင်တွင် မည်သို့မျှ လျှောက်လဲချက်ပေးစရာမလိုကြောင်း တရားစွဲဆိုခံရသူများက ပြောကြားကြသည်။ ရုံးထုတ်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုများ၊ ဒေသအသီးသီးမှ ကရင်တိုင်းရင်းသားများ၊ ကရင့်ခေါင်းဆောင်များ၊ တိုင်းရင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသူများ သွားရောက်ဝန်းရံခဲ့ကြပါသည်။ တိုင်းရင်းသားအခွင့်အရေးများအား အသိအမှတ်ပြုလေးစားရန်နှင့် ဖမ်းဆီးတရားစွဲဆိုခံနေရသူများအား ချက်ချင်းလွှတ်ပေးရန် မိမိတို့ပါတီ၏သဘောထားကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက သတင်းမီဒီယာများအား ပြောကြားခဲ့ပါသည်။

Continue Reading

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးမှတ်တမ်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးမှတ်တမ်း ၁၉ – ၂၀ ဒီဇင်ဘာ၊ ၂၀၁၈။ Pdf ဖိုင် ရယူရန် – DPNS ပထမအကြိ်မ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးမှတ်တမ်း

Continue Reading

မအူပင်၊ မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၆။ ရန်ကုန်။ မအူပင် မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဒေသရှိ လယ်ယာမြေများကို ၁၉၉၉ ခုနှစ်တွင် ရေနက်ကွင်းဖော်ထုတ်မည်ဟုဆိုကာ သိမ်းယူခဲ့ပြီး ၂၀ဝ၃၊ ၂၀ဝ၄ တွင် Orchard Company ကို ဧက ၁၀ဝ၀၊ နှစ် ၃၀ လုပ်ကိုင်ခွင့်ဂရံ ထုတ်ပေးခဲ့ကြောင်း၊ သိမ်းဆည်းခံမြေများအနက် ဘိုးဘွားပိုင်ဆိုပြီး ၄၅၀ ဧက ပြန်ရခဲ့ကြောင်း၊ ၅၅ဝ ဧက အသိမ်းခံရသည့် လယ်သမားများအနက် အယောက် ၄၀ တရားစွဲခံနေရပြီး ၁၁ ဦးထောင်ကျခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများပါ ပါဝင်ကြောင်း သိရပါသည်။ အသိမ်းခံရသည့် လယ်သမားများလက်ဝယ်ရှိ ပြေစာများကို ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်များက လဲပေးမည်ဟုပြောပြီး သိမ်းယူသွားခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်မှစ၍ […]

Continue Reading

MCE Rainbow ဆပ်ပြာစက်ရုံသပိတ် စာနယ်ဇင်းရှင်းလင်းပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၅။ ရန်ကုန်။ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ (၁)ရှိ MCE Rainbow ဆပ်ပြာစက်ရုံ သပိတ်စခန်းတွင် ၂၅၊၉၊၂၀၁၉ ရက်နေ့ နံနက် ၁၀းဝ၀ နာရီ၌ စာနယ်ဇင်းရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုနှင့် သတင်းဋ္ဌာနများ တက်ရောက်ခဲ့ကြပါသည်။သပိတ်ကို ၂၂၊ ၈၊၂၀၁၉ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့ဆိုလျှင် ၃၄ ရက်တိတိ ရှိပြီဖြစ်ကြောင်း၊ တောင်းဆိုချက် (၁၃) ရပ် တောင်းဆိုထားကြောင်း၊ အလုပ်ရှင်ဘက်မှ လူမိုက်များငှား၍ ခြိမ်းခြောက်ခိုင်းခြင်း၊ လုံခြုံရေးများ တိုးမြှင့်ချထားခြင်း၊ ခွေးများခေါ်ယူလာပြီး ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပြီး သပိတ်ကို နှောက်ယှက်နေကြောင်း၊ ၂၂၊၉၊၂၀၁၉ ရက်နေ့အထိ စက်ရုံပိုင်ရှင်ဘက်နှင့် သပိတ်တိုက်ပွဲဝင်များကြားတွင် ၅ ကြိမ် […]

Continue Reading

အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား

၂၀၁၉၊ စက်တင်ဘာ ၂၅။ M 3 Food Center ၊ ရန်ကုန်။ ၁၉၉၀၊ စက်တင်ဘာ၊ ၂၅ အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ M 3 Food Center ၌ ပြုလုပ်ခဲ့ပါသည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ၁၉၉၀ ခုနှစ်၊ မေလတွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက အနိုင်ရပါတီအား အာဏာမအပ်သည့်အတွက် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။ သပိတ်တိုက်ပွဲကို အာဏာပိုင်များက ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး […]

Continue Reading

“၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်” ရှင်းလင်းဆွေးနွေးပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၄။ ရန်ကုန်။=====================================ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)က “၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်”စာအုပ်တွင် ဖော်ပြထားသည့် သုတေသနဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို UNA ရုံး၌ ပြုလုပ်ခဲ့ရာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းစာအုပ်တွင် လက်ရှိမြန်နိုင်ငံအနေအထား အပါအဝင် သုတေသနတွေ့ရှိချက်များအား အခန်း ၁၀ ခန်းခွဲ၍ တင်ပြထားပါသည်။

Continue Reading