“ ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် လူထုအကြပ်အတည်း ”( စကားဝိုင်း )

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက် ဒေါ်နှင်းနှင်းမွှေးတွဲဖက်အထွေထွေအတွင်းရေးမှူး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS

Continue Reading

မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် ( ၇/၂၀၂၄ )

မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် (၇/ ၂၀၂၄) ၁။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာနေ ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂမှ မောင်မြင့်မြတ်ဦး သည် ၈၊ ၇၊ ၂ဝ၂၄ ညက ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ကြားသိရပါသည်။၂။ ကျောင်းသားငယ်တဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းအား မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချအပ်ပါသည်။ ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် သမဂ္ဂကျောင်းသားများနည်းတူ စာနာ ဝမ်းနည်းကြောင်းလည်း ဖော်ပြအပ်ပါသည်။၃။ ၎င်းအမှုမှန်ကို စိစစ် ဖော်ထုတ်လျက် တာဝန်ရှိသူများကို တိတိကျကျ အရေးယူနိုင်ရေး ဆောင်ရွက်မှုတိုင်းအား မိမိတို့ပါတီအနေဖြင့် အစွမ်းကုန် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါ သည်။ ဗဟိုဦးဆောင်ကော်မတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်။

Continue Reading

( ၆၂ ) နှစ်မြောက် ၇ – ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

(၆၂) နှစ်မြောက် ၇-ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၇၊ ၇၊ ၂၀၂၄) နေ့သည် ၁၉၆၂၊ ၇-ဇူလိုင် လူသတ်ပွဲ (၆၂) နှစ်ပြည့်သည့်နေ့ ဖြစ်သည်။(၇၊ ၇၊ ၆၂) ရန်ကုန်တက္ကသိုလ် – သွေးမြေကျ လူသတ်ပွဲသည် ဘက်တဖက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ၏ ရဲရင့်ဂုဏ်ပြောင်သော သမိုင်းမော်ကွန်း ဖြစ်သည်။အခြားတဖက်တွင် တော်လှန်ရေးကောင်စီ အမည်ခံ အာဏာသိမ်းစစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်သော ဘီလူး ဇာတိရုပ်ကို ကမ္ဘာသိ မျက်နှာဖုံးချွတ်ခွာပြလိုက်ခြင်း ဖြစ်သည်။၂။ ယနေ့ထက်တိုင် ၇ ဇူလိုင် အရေးတော်ပုံအတွင်း ကျောင်းသူ ကျောင်းသား မည်မျှ သေကြေခဲ့ကြ ထိခိုက်ဒဏ်ရာရခဲ့ ကြခြင်းအား စာရင်းတိကျစွာ မဖေါ်ထုတ်ပေးနိုင်ခြင်း၊ ၎င်းဖြစ်စဉ်အတွက် တာဝန်ရှိသူတို့အား […]

Continue Reading

ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( ကလလတ ) ဖွဲ့စည်း တည်ထောင်ခြင်း ( ၄၆ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဖွဲ့စည်း တည်ထောင်ခြင်း (၄၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ ၁။ ယနေ့ (၂၆၊ ၆၊ ၂၀၂၄) နေ့တွင် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်မှာ ၄၆ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။၂။ ၄၆ နှစ်တာ တော်လှန်ရေးခရီး ဖြတ်သန်းမှု တလျှောက် (ရန်သူ – မိမိ – ပြည်သူ) အခြေခံ အကြောင်းအချက်များ အားလျော်စွာ နည်းသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲ ကျင့်သုံးရပ်တည်ခဲ့ရာမှ ၁၊ ၇၊ ၂၀၂၃ မှ စတင်လျက် လူမျိုးစုံဗမာ ပြည်သူတို့နှင့် တသားတည်းရပ်တည်လျက် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ်တွင် ပူးပေါင်း ပါဝင်တိုက်ခိုက်နိုင်ခြင်း အား ဂုဏ်ပြောင်သော သမိုင်းမော်ကွန်းတရပ်အဖြစ် […]

Continue Reading

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ( PLF ) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ စစ် (၃) စစ် အမြစ်ပြတ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသော ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (PLF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူစွာဖြင့် သဝဏ်လွှာ ပေးပို့အပ်ပါသည်။ار ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) သည် အထက်ပါ အခြေခံမူများကို ကိုင်စွဲ၍ ဧရာဝတီဒေသတွင်းရှိ ကျောင်းသား လူငယ်များ၊ ဝန်ထမ်း အလုပ်သမားနှင့် လယ်သမားများကို စုရုံးစုစည်းကာ တိုက်ပွဲဝင်ခဲ့သည့် ၃ နှစ်တာ ကာလအတွင်းတွင် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များမှ မသွေဖည် မယိမ်းယိုင်ဘဲ ကြံ့ကြံ့ခံ တိုက်ပွဲဝင် လျက် […]

Continue Reading

ဇွန် ၆ – အလုပ်သမားတိုက်ပွဲ နှစ် ( ၅၀ ) ပြည့် သဘောထားထုတ်ပြန်ချက် ( ၂/၂၀၂၄ )

ဇွန် ၆ – အလုပ်သမားတိုက်ပွဲ နှစ် (၅ဝ) ပြည့် သဘောထားထုတ်ပြန်ချက် ( ၂ / ၂၀၂၄ ) ၁။ ယနေ့ (၆၊ ၆၊ ၂ဝ၂၄) သည် သမိုင်းဝင် “ဇွန် ၆” အလုပ်သမားတိုက်ပွဲကြီး၏ နှစ် (၅၀) ပြည့်မြောက်သောနေ့ ဖြစ်သည်။ ၂။ လွန်ခဲ့သော နှစ် (၅၀) က အခြေခံဥပဒေအကာအကွယ်ဖြင့် မဆလခေါင်းဆောင်းထားသည့် စစ်အုပ်စု၏ ဘီလူး ခေါင်း အစစ်အမှန်ကို အလုပ်သမားထုက သွေးမြေကျ တိုက်ပွဲဝင်၍ ဆွဲချွတ်ခဲ့ကြသည်။ ၃။ ၁၉၇၄၊ မတ်လ ၂၅ မန္တလေး-ပလိပ် ချည်မြှင်နှင့် အထည်စက်မှ စတင်သည့် အလုပ်သမားဆန္ဒပြမှုများကို တရားမဲ့ ဖမ်းဆီး နှိမ်နင်းခံရသဖြင့် ဆက်တိုက် […]

Continue Reading

ကယန်းအမျိုးသားတော်လှန်ရေး နှစ် (၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

ကယန်းအမျိုးသားတော်လှန်ရေး နှစ် (၆ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၄၊ ၆၊ ၂ဝ၂၄) ကျရောက်သည့် ကယန်းအမျိုးသားတို့၏ လက်နက်ကိုင်တော်လှန်ရေး နှစ် (၆၀) ပြည့် အခါ သမယ၌ ကယန်းပြည်သစ်ပါတီနှင့် ကယန်းပြည်သစ်တပ်မတော် ခေါင်းဆောင်များနှင့်တကွ ရဲဘော်အပေါင်းတို့ ဝမ်းမြောက် ရွှင်လန်း ရှိကြပါစေကြောင်း ဆန္ဒအမွန် ပြုပါသည်။ကယန်းအမျိုးသားပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေးအတွင်း အသက် သွေး ချွေးတို့ ပေးဆပ် တိုက်ပွဲဝင်ခဲ့ ကြသည့် ကယန်းအမျိုးသားအာဇာနည်အပေါင်းအားလည်း အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ၂။ ကယန်းပြည်သစ်ပါတီနှင့် ကယန်းပြည်သစ်တပ်မတော်တို့သည် ကယန်းအမျိုးသားပြည်သူတို့၏ မွေးရာပါ အခြေခံရပိုင်ခွင့်များအတွက်သာမက လူမျိုးစုံ ဗမာပြည်သူတရပ်လုံးအတွက် စစ်အာဏာရှင်အဆက်ဆက်အား ဂုဏ် ပြောင်စွာ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ တိုက်ပွဲဝင်လျက် ရှိသည်ကို […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၏ နာယကကြီး ဦးတင်ဦး ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယကကြီး ဦးတင်ဦး (၁၊ ၆၊ ၂၀၂၄) နေ့က ကွယ်လွန်ကြောင်း ကြားသိ ရပါသည်။၂။ ဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်ခဲ့သူတဦး ဖြစ်သကဲ့သို့ ဥက္ကဋ္ဌတာဝန် ကို (၂၂၊ ၁၂၊ ၁၉၈၉) အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ စတင်လျက် ပြည်သူလူ ထုဘက်သား နိုင်ငံရေးသမားတဦးအဖြစ် ကွယ်လွန်ချိန်အထိ ဖြောင့်မှန် တည်ကြည်စွာ ရပ်တည်ခဲ့သူတဦးလည်း ဖြစ် ပေသည်။၃။ မိမိတို့ ပါတီအနေဖြင့် ဦးတင်ဦးကွယ်လွန်မှုအတွက် ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဝင်များနည်းတူ စာနာ ဝမ်းနည်းရပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၂ဝ၂၄ ခုနှစ်၊ […]

Continue Reading

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ( ABFSU ) တည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) တည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၈၊ ၅၊ ၂ဝ၂၄) သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ် – ABFSU) စတင် တည်ထောင်ခဲ့သည့် ၈၈ နှစ် ပြည့်မြောက်သောနေ့ ဖြစ်သည်။၂။ ဗကသများအဖွဲ့ချုပ်သည် ဗမာပြည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ လိုအပ်ချက်အရ ကျောင်းသား အဖွဲ့အစည်းသက်သက်မျှ မဟုတ်ဘဲ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးတာဝန်များကို အကျေအပွန် ထမ်း ဆောင်ခဲ့သည့် နိုင်ငံရေးအင်အားစုတရပ် ဖြစ်ခဲ့သည်။ ထိုမျှမက ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲကာလမှ စတင်လျက် ယနေ့ကာလအထိ နိုင်ငံရေးအင်အားစုအားလုံးတွင် သက်တမ်းအရှည်ကြာဆုံး အဖွဲ့အစည်း ဖြစ်သည်။ဗကသများအဖွဲ့ချုပ်၏ မှန်ကန်သော ရပ်တည်ချက်နှင့် လမ်းစဉ်တို့ကြောင့် ဤမျှ သက်တမ်းရှည်စွာ ရပ်တည်နိုင်ခဲ့ ခြင်း […]

Continue Reading