နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

နိုဝင်ဘာ ၆ မှ ၈၊ ၂၀၁၉။ရန်ကုန်။ DIPD ၏ စီစဉ်မှုဖြင့် ရှေ့သို့မြန်မာနှင့် မြန်မာ့ပဉ္စမ မဏ္ဍိုင်တို့ ပူးပေါင်းပြုလုပ်သည့် “နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ရန်ကုန်မြို့ Sule Shangrila ဟိုတယ်၌ နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ပါသည်။ နိုင်ငံရေးပါတီများမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူများ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒေါ်နှင်းနှင်းမွှေး နှင့် လူထုဆက်ဆံရေးအဖွဲ့တာဝန်ခံ ကိုသူအောင်တို့လည်း တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ဖေ့စ်ဘွတ်ခ်၏ ကိုယ်စားလှယ်အဖွဲ့လည်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ပြီး လူမှုကွန်ရက်တွင် ထိရောက်သော မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်နိုင်ရန် နည်းလမ်းများနှင့် အမုန်းစကားနှင့် သတင်းအမှားတို့ကို ရင်ဆိုင်တွန်းလှန်ရန် လိုအပ်သည့် နည်းနာများကို […]

Continue Reading

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း

အယ်ဒီတာစကားဝိုင်း ဦးအောင်မိုးဇော် (ဥက္ကဌ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)မဇင်မာဦး (MYFREL ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့)ဦးတိုးဇော်လတ် (DVB)

Continue Reading

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ

နိုဝင်ဘာ ၇၊ ၂၀၁၉။ အင်္ဂပူ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အင်္ဂပူမြို့နယ်ဒေသခံလူထုတွေ့ဆုံပွဲကို အင်္ဂပူမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အဖွင့်အမှာစကားကို အင်္ဂပူမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဖြတ်သန်းမှုသမိုင်းကြောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတို့ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်တို့ကလည်းကောင်း လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍကို လူ့ဘောင်သစ်လူငယ်ဗဟိုလုပ်ငန်းကော်မတီဝင် မအေးမြတ်သန္တာနှင့် ကိုထက်နိုင်လင်းတို့ကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။နေ့လည်ပိုင်းတွင် ဒေသဆိုင်ရာအခြေအနေများနှင့် နိုင်ငံ၏ ပကတိအခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသသည်။ ထို့နောက် အင်္ဂပူမြို့နယ်ကော်မတီအတွင်းရေးမှူး ဦးဇော်မင်းက တက်ရောက်လာသည့် ပါတီဝင်များ၊ ဒေသခံပြည်သူများအား ကျေးဇူးတင်စကား ပြောကြားပြီးနောက် တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ပါသည်။

Continue Reading

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်

နိုဝင်ဘာ ၇ ၂၀၁၉။ ဘားအံ ၂၀၁၉ နိုဝင်ဘာ ၇ ရက်နေ့တွင် ဘားအံမြို့ ကရင်ပြည်နယ်အစိုးရရုံးမြက်ခင်းပြင်၌ ၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပခဲ့ရာ နိုင်ငံရေးပါတီခေါင်းဆောင်များ လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့တာဝန်ရှိသူများ ဌာနဆိုင်ရာဝန်ထမ်းများ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ဥက္ကဋ္ဌ ဦးကျော်ခင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ

နိုဝင်ဘာ ၅၊ ၂၀၁၉။ ရန်ကုန်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က စီစဉ်ပြုလုပ်သော လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ PARKROYAL ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်သူငြိမ်း(ISP-Myanmar)၊ ဦးဘိုကြည်(AAPP)၊ ဒေါက်တာစစ်နိုင်(Marie Stopes International)နှင့် ဒေါက်တာဆုမွန်သဇင်အောင်(ISP- Myanmar)တို့က လူမှုတရားမျှတမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များက ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသီဟနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ယခု ဆွေးနွေးပွဲမှရရှိချက်များကို အခြေခံ၍ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအား ဖိတ်ကြား၍ နေပြည်တော်၌ ဆွေးနွေးပွဲတရပ် ပြုလုပ်သွားရန် […]

Continue Reading

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိကဝတ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven)

ဦးငွေလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) ၄၊ နိုဝင်ဘာ၊ ၂၀၁၉။  Eleven ရုပ်သံ တကယ်ကတော့ သူတို့ ကတိကဝတ်ကတော့ သုံးခုပေါ့ဗျာ။ ကျနော်သိသလောက်ကတော့ . . . ငြိမ်းချမ်းရေးလုပ်မယ်၊ ဖွဲ့စည်းပုံပြင်မယ်၊ တရားဥပဒေစိုးမိုးရေးလုပ်မယ်ပေါ့ဗျာ။ အခု ကျနော်တို့ကြည့်ရင် အားလုံးမြင်တာပဲလေ။ Eleven အပါအဝင် မီဒီယာအားလုံးလည်း မြင်ပါတယ်။ လူထုတွေလည်း မြင်ပါတယ်။ သုံးခုလုံး မရေမရာ ဖြစ်နေတယ်။ ကြိုးစားအားထုတ်တာ၊ ဆောင်ရွက်တာ စသည်ဖြင့်၊ ဒေါ်စုအင်တာဗျူးထဲမှာလည်း ပါတယ်။ အားလုံးလည်း မြင်တယ်။ အားရစရာ မရှိဘူးလေ။ အဲဒီတော့ ဒါတွေက ဒီထက် အားရစရာရှိအောင် ဆောင်ရွက်သင့်တာတော့ အမှန်ပဲ။ မဆောင်ရွက်နိုင်ဘူးဆိုရင်တော့၊ လမ်းဆုံးရောက်အောင် မသွားနိုင်ဘူးဆိုရင်တော့ လူထုရဲ့ အကဲဖြတ်ချက်မှာ အမှတ်လျော့မှာတော့ အမှန်ပဲ။   အချက်အလက်တချို့ကတော့ […]

Continue Reading

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ်

နိုဝင်ဘာ ၄၊ ၂၀၁၉။ တောင်ကြီး။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ပူးပေါင်းစီစဉ်သည့် လူမှုဖူလုံရေး မူဝါဒဖော်ဆောင်ရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် SNLD ခေါင်းဆောင်များ၊ ရှမ်းပြည်နယ်အခြေစိုက် လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်း နှစ်ဆယ်ခန့်မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များကလည်း ဒိန်းမတ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာအခြေအနေများနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး လူမှုဖူလုံရေးမူဝါဒတရပ်ပေါ်ပေါက်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ

နိုဝင်ဘာ ၂၊ ၂၀၁၉။ ရန်ကုန်။ SocDemAsia ၏ စီစဉ်မှုဖြင့် လူမှုဖူလုံရေးစနစ် (ကျန်းမာရေးမူဝါဒ) ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်း၍ နိုဝင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းရရှိနိုင်သည့် လူမှုဖူလုံရေးစနစ်တရပ်တွင် ထည့်သွင်းရေးဆွဲသင့်သည့် အချက်အလက်များ၊ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

CJ Feed Myanmar စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက် အားပေးဝန်းရံ

နိုဝင်ဘာ ၂၊ ၂၀၁၉။ မှော်ဘီ။ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံ၊ ဖရဲခင်းလမ်းပေါ်ရှိ CJ Feed Myanmar တိရိစ္ဆာန်စာစက်ရုံအလုပ်သမားများက တောင်းဆိုချက် (၉)ချက်ကို တောင်းဆိုလျက် ၂၉၊ ၁၀၊ ၂၀၁၉ ရက်နေ့က စတင်၍ သပိတ်မှောက်ခဲ့ကြပါသည်။ စက်ရုံမှာ အလုပ်သမား ၁၀ဝ ကျော်ဖြင့် လည်ပတ်လျက်ရှိသည့် တောင်ကိုရီးယားအမျိုးသားပိုင်စက်ရုံဖြစ်ပြီး စက်ရုံသက်တမ်းမှာ ၁ နှစ်နှင့် ၃ လရှိပြီဟု သိရပါသည်။ ယခုအလုပ်အဖြုတ်ခံရသော အမျိုးသမီးလုပ်သား ၂ ဦးအပါအဝင် အလုပ်သမားသမား ၂၆ ဦးအနက် အများစုမှာ စက်ရုံတည်စကတည်းက ရက်ပျက်မရှိ လုပ်ကိုင်ခဲ့ကြသည့် အလုပ်သမားများဖြစ်ပြီး အနိမ့်ဆုံးလုပ်သက်ရှိသူသည်ပင်လျင် လုပ်သက် ၁၀ လ ကျော်ဟု သိရပါသည်။ အခြေခံအလုပ်သမားအခွင့်အရေးများ ရလိုမှုနှင့်ပတ်သက်၍ တင်ပြမေးမြန်းသည်ကို အကြောင်းပြု၍ ခေါ်ယူဆွေးနွေးခြင်း […]

Continue Reading