Author: DPNS INFORMATION
CEDAW) အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံအစိုးရသို့ တိုက်တွန်းချက်
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ် (CEDAW) အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံအစိုးရသို့ တိုက်တွန်းချက်
Continue Reading
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးသို့ တက်ရောက်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၈ မတ်လ ၁ ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မတ်လ ၂၃ ရက်နေ့၌ ကျရောက်မည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပရေးအတွက် အစီအစဉ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
Continue Reading
DPNSဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့ နှင့် ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဝင်များ ပုသိမ်မြို့နယ်တွင် ဆွေးနွေးပွဲ ပြုလုပ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပုသိမ်မြို့နယ်ရှိ ဧရာဝတီတိုင်းရုံးတွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ၊ ၂၀၁၈ လုပ်ငန်းစဉ်လျာထားချက်များ၊ ပါတီတည်ဆောက်ရေးလုပ်ငန်းများ၊ ဒေသတွင်းအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ပုသိမ်၊ ရေကြည်၊ ချောင်းသာ၊ ငပုတော၊ လပွတ္တာမြို့နယ်တို့မှ စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]
Continue Reading
ဗဟိုစည်းကော်မတီနှင့် ရေကြည်မြို့နယ်စည်းကော်မတီ အစည်းအဝေးကျင်းပ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဦးဆောင်သည့် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်နှင့် ဦးတိုးတိုးထွန်းတို့က ပါတီမူဝါဒနှင့် ဖွဲ့စည်းပုံ၊ ၂၀၁၈ အတွင်း လုပ်ငန်းလျာထားချက်များနှင့် လတ်တလောနိုင်ငံရေးအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီမိတ်ဆက်နှင့် ရှေ့လုပ်ငန်းစဉ်ကို မသက်ဇွန်လင်းထင်ကလည်းကောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းကို မစိမ့်အိစံကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရေကြည်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစောအောင်နှင့် ကော်မတီဝင်များက ဒေသအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။
Continue Reading
ပါတီမိတ်ဆက်ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရုံးခန်း၌ ပြုလုပ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမိတ်ဆက်ဆွေးနွေးပွဲကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၆ ရက်နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ ပါတီဌာနချုပ်၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် အင်္ဂပူမြို့နယ်ရှိပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးတိုးတိုးထွန်းတို့က ပါတီိမိတ်ဆက်၊ ပါတီသမိုင်းကြောင်း၊ ယခုနှစ်အတွင်းလုပ်ဆောင်မည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ မသက်ဇွန်လင်းထင်က အမျိုးသမီးလုပ်ငန်းကော်မတီမိတ်ဆက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရဗင်းလင်းတင်ပြခဲ့ပြီး လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံက လူငယ်မိတ်ဆက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်စည်းကော်မတီဝင်များက ၂၀၁၈ အတွင်း ဆောင်ရွက်ရန်ပြင်ဆင်ထားသည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ထို့နောက် ဌာနချုပ်နှင့်မြို့နယ်တို့အကြား ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
Continue Reading
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ရုံးခန်းဖွင့်ပွဲ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြို့နယ်ရုံးခန်းဖွင့်လှစ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် ၂၀၁၈ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အဖွင့်အမှာစကားကို ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် က ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက ပါတီအကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။ အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တောင်သူလယ်သမားသမဂ္ဂမှ ဦးသန်းဌေးတို့ကလည်း အမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ရုံးခန်းဖွင့်လှစ်ပွဲသို့ DPNS ပါတီဝင်များ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
Continue Reading
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဆိုင်ရာ အလွှာစုံဆွေးနွေးပွဲသို့ တက်ရောက်
DIPD DRI နှင့် စည်ပင်သာယာရေးဥပဒေဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းအဖွဲ့တို့က စီစဉ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဆိုင်ရာ အလွှာစုံဆွေးနွေးပွဲကို ၂၀၁၈ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဥပဒေများတွင် ပြင်ဆင်သင့်သည့်အချက်များ ပယ်ဖျက်သင့်သည့်ပုဒ်မများ အသစ်ထည့်သွင်းသင့်သည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ၂ ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။
Continue Reading
ပါတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် ပေါက်ခေါင်းမြို့နယ်စည်းရုံးရေးကော်မီတီ တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်စည်းရုံးရေးကော်မီတီနှင့် တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ပေါက်ခေါင်းမြို့နယ် စည်းကော်မတီဝင်များကလည်း မြို့နယ်အတွင်း စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။
Continue Reading
ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့်အဖွဲ့ ပေါင်းတည်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ၁၇ ရက်နေ့တွင် ပေါင်းတည်စည်းရုံးရေးကော်မတီရုံးခန်း၌ ပေါင်းတည်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ထိုသို့ တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌက လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏ အမြင်သဘောထားနှင့် ၂၀၁၈ လုပ်ငန်းစဉ်ဇယားတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပေါင်းတည်စည်းကော်မတီဝင်များကလည်း မြို့နယ်အခြေအနေများ ဆောင်ရွက်လျက်ရှိသည်များကို ပြန်လည်တင်ပြခဲ့ကြပါသည်။
Continue Reading