Action for Gender Equality Conference သို့တက်ရောက်

SocDem Asia က ဦးစီးကျင်းပသည့် Action for Gender Equality conference ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ HARRIS Vertu Hotel ၌ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Confrence သို့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ဒေါ်တင်တင်ချို (DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်/အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ)နှင့် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။  Confrence တွင် အမျိုးသမီးများ၏ လက်ရှိကာလ နိုင်ငံရေးပါဝင်မှုအခြေအနေကိုသုံးသပ်ခြင်း နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများ ပါဝင်မှု အားနည်းရခြင်း အကြောင်းအရာများရှာဖွေခြင်း ပါဝင်မှုအားကောင်းလာစေရန် မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။  လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံက  “အမျိုးသမီးများ၏ […]

Continue Reading

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နှင်းမှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နှင်းမှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁/၂၀၁၈)

Continue Reading

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နင်းနေမှုများနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကြေငြာချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နင်းနေမှုများနှင့် ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကို (၂၀၊ ၁၊ ၂၀၁၈) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

Continue Reading

KGG အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ကို ဝန်းရံ

ပြေလည်မှုရရှိပြီး သဘောတူညီချက်များကို ပြန်လည်ချိုးဖေါက်သည့်အတွက် ဒုတိယအကြိမ် သပိတ်တိုက်ပွဲ ဆင်နွှဲနေသည့် KGG အထည်ချုပ် အလုပ်သမားသပိတ်သို့ ကူညီထောက်ပံ့ငွေ ၂၀,၀၀၀ိ (ကျပ်နှစ်သောင်း)အား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စား ရဲဘော်ကိုဝေဇင်က ပေးအပ်လှူဒါန်းခဲ့ပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး(၁/၂၀၁၈)ကို ၂၀၁၈ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

Continue Reading

မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲခြင်းဆိုင်ရာ စာတမ်း မိတ်ဆက်ပွဲသို့ ဘားအံမြို့နယ်စည်းကော်မတီမှ တက်ရောက်

People in Need လောကအလင်းနှင့် European Partnership for Democracy တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်းဆိုင်ရာ အစီရင်ခံစာမိတ်ဆက်ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့  ခွယ်ကဘောင်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″] 

Continue Reading

Best Prictices on Security Sector Workshop ဒုတိယနေ့သို့ တက်ရောက်ဆွေးနွေး

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ဒုတိယနေ့ကို ၂၀၁၈ ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာနည်းနာများ အစရှိသည်တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]  

Continue Reading

Best Prictices on Security Sector Workshop ပထမနေ့ ဆွေးနွေးပွဲသို့ တက်ရောက်

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ကို ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Security Sector Reform နှင့် Defence Reform တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

Continue Reading

ကျားမတန်းတူရေးမြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနားသို့ တက်ရောက်

Salween Institute for Public Policy နှင့် အမျိုးသမီးများဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေသည့် “ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ” မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနားကို ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၅ ရက် နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းပြုစုသူများက စာတမ်းပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ထိုစာတမ်းမိတ်ဆက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ရေကြည်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ရုံးခန်းဖွင့်ပွဲ

ဧရာဝတီတိုင်းဒသကြီး ရေကြည်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ရုံးခန်းဖွင့်ပွဲကို ၂၀၁၈ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပွဲကို ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

Continue Reading