ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဆရာကြီးမွေးဖွားရာဇာတိဖြစ်သည့် ပဲခူးတိုင်း ရွှေတောင်မြို့နယ်ရှိ ရွှေမျက်မှန်ကျောင်းတိုက်၌ ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပြည်ထောင်စုတိုင်းရင်းသားများလယ်သမားသမဂ္ဂနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် အခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဦးစန္ဒာသီရိ(ရွှေဝါရောင်သံဃာတော်) ဦးအောင်စောဦး(မှိုင်းရာပြည့်) ဦးထွယ်နော်(ကချင်အမျိုးသားကွန်ဂရက်) ဦးအောင်မိုးဇော်(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) မသက်ထားဆွေ(တောင်ဒဂုံဆိပ်ကမ်းမြို့နယ်အလုပ်သမားသမဂ္ဂ) ဦးသန်းအေး(မှော်ဘီမြို့နယ် လယ်သမားသမဂ္ဂ) ကိုအောင်ထက်အောင်(ဗကသများအဖွဲ့ချုပ်) ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ သဘောထားထုတ်ပြန်ချက်ကို ဒေါ်ခင်ညိုလွင်က ဖတ်ကြားခဲ့ပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အလုပ်သမား လယ်သမားနှင့် ကျောင်းသမဂ္ဂများ မှိုင်းငြိမ်းကွန်ရက်များ စာပေအနေုပညာနယ်ပယ်မှပုဂ္ဂိုလ်များ ဆရာကြီအားချစ်ခင်လေးစားသူများ ၂၀၀ ခန့် အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။

Continue Reading

သခင်ကိုယ်တော်မှိုင်း (၁၄၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

၂၀၁၈၊ မတ်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သ၀ဏ်လွှာ

Continue Reading

မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးသို့တက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၂၀၁၈ မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန် မှော်ဘီ မန္တလေး မြင်းခြံ မုံရွာ ပခုက္ကူ ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ ဗကသများအဖွဲ့ချုပ်ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မိမိတို့ကွန်ရက်အသီးသီး၏ လှုပ်ရှားဆောင်ရွက်နေပုံများကို တင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း


Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း

မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

Continue Reading

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့မှ နော်အုန်းလှ ပြောကြားသည့် အမှတ်တရစကား

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့မှ နော်အုန်းလှ ပြောကြားသည့် အမှတ်တရစကား။၁၉၊ ၁၂၊ ၂၀၁၈။ အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။

Continue Reading

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ နိုင်ငံတကာဆက်ဆံရေးကော်မတီ တွဲဖက်အတွင်းရေးမှူး Evin Incir ပြောကြားသည့် အမှတ်တရစကား

Continue Reading

လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ တက်ရောက်

မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ စီစဉ်ကျင်းပသည့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ UPDJC အဖွဲ့ဝင်များ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading