DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန ၂၀၂၀၊ မေ၊ ၈။ တောင်ကြီး။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၈ ရက်နေ့တွင် COVID-19 ကာကွယ်ရေး စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသည့် တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် PPE ဝတ်စုံ ၁၀ စုံကို ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ် မဆုပြည့်သော်တာက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

Continue Reading

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန မြစ်ကြီးနား

၂၀၂၀၊ မေ၊ ၅-၆၊ မြစ်ကြီးနား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၅ ရက်နေ့တွင် Kachin state Covid 19 Prevention Network သို့ PPE ၄ စုံ၊ မေလ၊ ၆ ရက်နေ့တွင် အထွထွေရောဂါကုဆေးရုံကြီး (မြစ်ကြီးနား) သို့ PPE ၆ စုံ ပေးပို့လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

Continue Reading

DPNS မြင်းခြံရဲဘော်များ၏ covid-19 ကာကွယ်ရေး လှုပ်ရှားမှုများ

၂၀၂၀၊ မေ၊ ၄-၆။ မြင်းခြံ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရဲဘော်များသည် အစ်ဆာရာ(မြန်မာ)၊ အနာဂတ်အလင်းတန်းဆုံမှတ်တို့နှင့် ပူးပေါင်းလျက် ၂၀၂၀၊ မေလ ၄ ရက်နှင့် ၆ ရက်နေ့များတွင် COVID-19 ကျန်းမာရေးအသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးခြင်း ၊ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၂၀၊ မေလ ၄ ရက်နေ့တွင် ထနောင်းတိုင်ကျေးရွာ COVID-19 ထိမ်းချုပ်ကာကွယ်ရေးကော်မတီသို့လည်းကောင်း၊ မေလ၊ ၆ ရက်နေ့တွင် ကျားတိုင်း၊ ကျောက်ကုန်းကျေးရွာများသို့လည်းကောင်း ကျန်းမာရေးပညာပေးဗွီနိုင်းများ၊ လက်ကမ်းစာစောင်များကို ဆက်သွယ်ပေးပို့ခဲ့ပါသည်။၊ မြင်းခြံမြို့နယ်၊ အမှတ် ၂ ရပ်ကွက်တွင်လည်း ကိုဗစ်19 ရောဂါ ပညာပေးနှင့် ကောလာဟလသတင်းများ သတိပြုစေရန် ရှင်းလင်းပြောကြားခဲ့ကြပါသည်။

Continue Reading

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန လပွတ္တာမြို့

၂၀၂၀၊ မေ၊ ၄။ လပွတ္တာမြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူဒါနအဖြစ် ​မေလ ၄ ရက်နေ့တွင် လပွတ္တာမြို့နယ် နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သို့ PPE ဝတ်စုံ ၅ စုံ ပေးပို့လှူဒါန်းခဲ့ပါသည်။

Continue Reading

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းလှူဒါန- ရန်ကုန်။

၂၀၂၀၊ ​မေ၊ ၃။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူအဖြစ် “မဂ်လာတောင်ညွန့် ပြုပြင်စရာများအဖွဲ့” သို့ လက်အိတ် ၁၀ဝ၊ နှာခေါင်းစည်း ၃၀ဝ နှင့် အလှူငွေတစ်သိန်းကျပ်ကို ၂၀၂၀၊ မေလ ၃ ရက်နေ့ နံနက်တွင် လှူဒါန်းခဲ့ပါသည်။ ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ်မှ ကိုမျိုးငြိမ်းက ပေးအပ်လှူဒါန်းရာ အဖွဲ့တာဝန်ရှိသူက လက်ခံရယူခဲ့ပါသည်။ မတ်လ ၃ ရက်နေ့နံနက် ၈:ဝ၀ နာရီတွင် “မိသားစုကိုချစ်ရင် Mask တပ်ပါ” Campaign ကို မဂ်လာတောင်ညွန့်ဈေး(အမဲဈေး)၌ အဖွဲ့တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများနှင့် ပူးပေါင်း ပြုလုပ်ခဲ့ကြပါသည်။

Continue Reading

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူ-ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)

၂၀၂၀၊ ဧပြီ၊ ၂၉။ ရန်ကုန်။ DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် Covid-19 ကာကွယ်ကုသရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လုမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံများ၊ လက်အိတ်များ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ ဧပြီလ ၂၉ ရက်နေ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သို့ PPE ၁၅ စုံ လှူဒါန်းခဲ့ရာ ALD အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့က လက်ခံရယူခဲ့ပါသည်။

Continue Reading

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူ-ဧပြီ၊ ၂၈

၂၀၂၀၊ ဧပြီ၊ ၂၈။ DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် Covid-19 ကာကွယ်ကုသရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လုမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံများ၊ လက်အိတ်များ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ လှူဒါန်းလျက်ရှိပါသည်။၂၀၂၀၊ ဧပြီလ ၂၈ ရက်နေ့တွင် မြောင်းမြလူငယ်ကွန်ရက်သို့ PPE ဆယ်စုံ၊ လက်အိတ် ၁ ဘူးနှင့် face shield များ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Kachin State COVID-19 Prevention Network သို့ PPE ဆယ်စုံ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မီးသတ်ရဲဘော်များသို့ PPE ဆယ်စုံ ပေးပို့လှူဒါန်းခဲ့ပါသည်။

Continue Reading

ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းဆင်းပွဲ

၂၀၁၉၊ ဒီဇင်ဘာ ၂၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း (၂/၂၀၁၉) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ပါတီတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားရာ၌ မိမိတို့အနေဖြင့် ဤသင်တန်းကို အခက်အခဲများကြားမှ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပါတီစည်းရုံးရေးမှူးများအနေဖြင့် မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် လူထုကြားသို့သွားရောက်၍ လူထုနှင့်အတူ ပါတီတည်ဆောက်ရေးကို ဆောင်ရွက်ကြဖို့လိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသောဧည့်သည်များကလည်း ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပါတီရဲဘော်များအား လေးစားတန်ဖိုးထားကြောင်း၊ နိုင်ငံအနာဂတ်တွင် လူထုအကျိုးပြုပါတီတရပ်အဖြစ် မားမားမတ်မတ်ရပ်တည်နိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြပါသည်။ပါတီစည်းရုံးရေးမှူးသင်တန်း ၂/၂၀၁၉ တွင် ချောင်းသာ၊ အင်္ဂပူ၊ ရေကြည်၊ မန္တလေး၊ မင်းဘူး၊ ပွင့်ဖြူမြို့နယ်တို့မှ ပါတီရဲဘော်များ သင်တန်းတက်ရောက်ခဲ့ကြပါသည်။၂၀၁၉၊ […]

Continue Reading