UNA နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲ တက်ရောက်ဆွေးနွေး

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ “ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့၏ အဖွင့်အမှာစကားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားခဲ့ပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက် ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ ဆွေးနွေးပွဲတက်ရောက်ကြပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်သုံးခုဖြင့် အုပ်စုလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှုရလဒ်နှင့် စုစည်းရရှိချက်များကို အခြေခံ၍ သဘောထားကြေငြာချက်တစ်စောင်ကို […]

Continue Reading

တက္ကသိုလ်ဆရာဆရာမများအသင်း(UTA)များ ဒုတိယအကြိမ်မြောက်ညီလာခံတက်ရောက်

တက္ကသိုလ်ဆရာဆရာမများအသင်း(UTA)များ ဒုတိယအကြိမ်မြောက်ညီလာခံကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ တက္ကသိုလ်ဆရာသမဂ္ဂများ၊ အခြေခံပညာဆရာသမဂ္ဂအဖွဲ့ဝင်များ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင်များ ညီလာခံ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

Political Party Academy ဆွေးနွေးပွဲတက်ရောက်

IRI က စီစဉ်ပြုလုပ်သည့် political party academy ဆွေးနွေးပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က Green Hill Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့၏ အစည်းအဝေးပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့၏ အစည်းအဝေးကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၂၁ ရက် နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်၏ ဆောင်ရွက်ထားရှိမှုများကို YNS အတွင်းရေးမှူး ကိုမျိုးစော့နှင့် ဥက္ကဋ္ဌ မအိသဉ္ဇာမောင်တို့က တင်ပြခဲ့ကြပြီး DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။ YNS ဗဟိုလုပ်ငန်းကော်မတီဝင်များနှင့် DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ အစည်းအဝေး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၃/၂၀၁၉ ကို ဖေဖော်ဝါရီ၊ ၂၁ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ရန် လုပ်ငန်းစဉ်များနှင့် လတ်တလောဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီအစည်းအဝေး ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီလ၊ ၂၀ ရက်နေ့ညနေပိုင်းက ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အလုပ်သမားရေးရာကော်မတီ၏ ရည်ရွယ်ချက်၊ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ဖေဖော်ဝါရီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ဖက်ဒရယ်စနစ် Training Team က ဦးဆောင်ဆွေးနွေးသူများအဖြစ် ကူညီခဲ့ကြပါသည်။ ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့် သယံဇာတများ စီမံခန့်ခွဲမှု စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလ၊ ၁၉ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အမျိုးသမီးကော်မတီက ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိ်ုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ တက်ရောက်

လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိ်ုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၈ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဇန်နဝါရီ ၁၀ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများနှင့် လိုအပ်မည့်စည်းမျဉ်း၊စည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်ရှင်၊ အလုပ်သမားပြဿနာ ကြီးထွားလာခြင်းတွင် တရားမဝင်အဖွဲ့အစည်းများ (အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများ) ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့ခြင်းအပေါ်ပြန်လည်ရှင်းလင်း ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ပါသည်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အလုပ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား တက်ရောက်

ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၁၆ ရက်နေ့တွင် တောင်ဥက္ကလာပ၊ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်သူ့တိုးတက်ရေးပါတီ ခေါင်းဆောင်များ၊ ကိုကိုးကျွန်းပြန်ရဲဘော်ကြီးများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဦးခင်မောင်မြင့်သည် အသက် ၁၅ နှစ်သားခန့်အရွယ်မှစတင်ကာ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်ခဲ့သူဖြစ်သည်။ စစ်အစိုးရအဆက်ဆက်၏ အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခြင်းကို ခံရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့လည်း ပို့ဆောင်ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထောင်တွင်းတိုက်ပွဲများ၊ ကျွန်းစနစ်ဖျက်သိမ်းရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။ နိုင်ငံရေးဆောင်ရွက်မှုသမိုင်းတလျှောက်တွင် ဂျပန်တော်လှန်ရေး ဆက်သား၊ ရကသ၊ ဗကသ၊ တကသ အမှုဆောင်၊ ငါးခရိုင် ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲ ပဲခူးစစ်ကြောင်းမှူး၊ ပြည်သူ့ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်၊ ပမညတ(ဌာနချုပ်) သဘာပတိအဖွဲ့ဝင်၊ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ […]

Continue Reading