အပြည်ပြည်ဆိုင်ရာ အမျိူးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS – WWC က ပေးပို့သည့်သဝဏ်လွှာ

ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိူးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS အမျိုးသမီးလုပ်ငန်းကော်မတီက ပေးပို့သည့်သဝဏ်လွှာ

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်လှစ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်ပွဲကို ၂၀၁၉၊ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးငွေလင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကိုသူအောင်၊ ဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦး၊ မင်းဘူးခရိုင်စည်းရုံးရေးတာဝန်ခံ ဦးသန့်စင်၊ ပွင့်ဖြူမြို့နယ်ကော်မတီအတွင်းရေးမှူး ဦးဟန်သိန်းတို့က ပါတီဖြတ်သန်းမှုသမိုင်းကြောင်း၊ ရပ်တည်ချက်၊ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ရုံးခန်းဖွင့်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မဟာမိတ်အင်အားစုများ၊ ပွင့်ဖြူမြို့နယ် ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

လူမှုဖူလုံရေးစနစ် ပြန်လည်မွေးဖွားခြင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

“မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးစနစ် ပြန်လည်မွေးဖွားခြင်း… ကျန်းမာရေးစောင့်ရှောက်မှုစနစ်” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉းဝ၀ မှ ၅းဝ၀ အထိ နေပြည်တော်ရှိ MATA နေပြည်တော်စင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အားလုံးပါဝင်သည့်မူဝါဒ ရေးဆွဲရေး ( Inclusive Policy Formulation) လုပ်ငန်းစဉ်အရ လူမှုဖူလုံရေးကဏ္ဍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မူဝါဒပေါ်ပေါက်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ခြင်း ဖြစ်ပါသည်။အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်ထွေးမှုံတို့က အဖွင့်အမှာစကားပြော ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် Community Partners International အမှုဆောင်ဒါရိုက်တာ ဒေါက်တာ […]

Continue Reading

ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်၏ ကျန်ရစ်သူမိသားစုများအား သွားရောက်တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်(၁၉၆၄-၁၉၉၇)၏ ကျန်ရစ်သူမိသားစုအား ၂၀၁၉၊ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ခရမ်းမြို့နယ်ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း လာရောက်ခဲ့ကြပြီး ရဲဘော်မြင့်ဇော်ကျန်ရှိခဲ့သည့် အမှတ်တရပစ္စည်းများကို ရဲဘော်မြင့်ဇော်၏ ညီဖြစ်သူအား ပေးအပ်ခဲ့ပါသည်။

Continue Reading

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်ပြည့်မွေးနေ့အခမ်းအနား ကျင်းပရေး အစည်းအဝေးတက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ၂၀၁၉၊ မတ်လ ၃ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌ မတ်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် ဆရာကြီးမှိုင်း ၁၄၃ နှစ်ပြည့်မွေးနေ့အခမ်းအနားအတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ဈာပနအခမ်းအနားသို့ DPNS က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး(၁၉၃၃-၂၀၁၉) ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ

Continue Reading

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် တပ်မတော်က ဦးစွာဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် တာဝန်အရှိဆုံးမှာ အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများပင်ဖြစ်ပြီး အစိုးရနှင့် တပ်မတော်တို့က ပထမဦးစွာ ဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ စတုတ္ထအကြိ်မ်မြောက် နှီးနှောဖလှယ်ပွဲက သဘောထားထုတ်ပြန်သည်။ “ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး” ခေါင်းစဉ်များဖြင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Best Western Green Hill Hotel တွင် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပပြီး အချက် ၉ ချက်ပါ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။ နှီးနှောဖလှယ်ပွဲသို့ UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီ အပါအဝင် ၎င်း၏ မိတ်ဖက်တိုင်းရင်းသား […]

Continue Reading

တိုင်းပြည်အကျိုးကို ရှေ့ရှု၍ တပ်မတော်အား နိုင်ငံရေးမှ ဆုတ်ခွာရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ မေတ္တာရပ်ခံ

တိုင်းပြည်၏ အကျိုးကို တည့်တည့်ကြည့်ကာ နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် တပ်မတော်ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးပွဲက မေတ္တာရပ်ခံတိုက်တွန်းသည်။ UNA က ဦးစီးကာ ၎င်းတို့၏ မိတ်ဖက်အဖွဲ့များနှင့် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ စတုတ္ထအကြိမ် ပြုလုပ်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၆ နှင့် ၂၇ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်း ၂၀ တက်ရောက်ခဲ့သည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် လက်ရှိတိုင်းပြည်၏ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သည် နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် ခက်ခဲနေပါက မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင် ဆုတ်ခွာမည်ဖြစ်ကြောင်းကို အချိန်ဇယားအတိအကျဖြင့် ပြည်သူများအား ကတိပြုပြောကြားရန်လည်း ၎င်းတို့က ဆိုသည်။ “အားလုံးကတော့ တိတိကျကျ […]

Continue Reading

ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ရန်ကုန်မြို့ Green Hill Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ENAC က လေ့လာပြုစုထားသည့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်၊ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်၊ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး၊ ပြည်နယ်လုံခြုံရေးဆိုင်ရာ လေ့လာမှုများ၊ စွမ်းအင်ဆိုင်ရာမူဝါဒ(မူကြမ်း)တို့အား တင်ပြခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင် ပါတီများ၊ UNA + ခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် မဆုပြည့်သော်တာတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲ တက်ရောက်ဆွေးနွေး

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ကျင်းပခဲ့သည်။ “ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ပြီး ပထမရက်တွင် UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းညွန်လွင်နှင့် ဒုတိယရက်တွင်  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များက ဖယ်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအမြင်များကို တင်ပြခြင်း၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ […]

Continue Reading