တပ်မတော်က နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များ၌ ပတ်သက်နေမှုမှ အမြန်ဆုံးဆုတ်ခွာသင့်ဟု အဖွဲ့အစည်း ၁၀ဝ ကျော်တိုက်တွန်း
အခြေခံဥပဒေပြင်ဆင်ရေးတွင် ပူးပေါင်းပါဝင်ရန်နှင့် တစ်ပြည်လုံးအပစ်ရပ်စဲရေး ဆောင်ရွက်ရန် တောင်းဆို Mon, 2019-06-03 04:18, 7 Day News တပ်မတော်သည် တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များ၌ ဆုပ်ကိုင်ပတ်သက်နေမှုများမှ အမြန်ဆုံးဆုတ်ခွာပြီး နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးတာဝန်ကို နိုင်ငံတော်အစိုးရလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်စေလိုကြောင်း နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်း ၁၀ဝ ကျော်က ကြေညာချက် ထုတ်ပြန်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့ (UNA)အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့ များ စုစုပေါင်းအဖွဲ့အစည်း ၁၂၂ ဖွဲ့မှ ကိုယ်စားလှယ်များသည် ယမန်နေ့ (ဇွန်လ ၂ ရက်) က ရန် ကုန်မြို့၌ တွေ့ဆုံပြီး စစ်ပွဲများ ရပ်ဆိုင်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် […]
Continue Reading