ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်း

၂၃၊ ဇူလိုင်၊ ၂၀၁၉။ ရန်ကုန် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန်၌ ယနေ့နံက် ၁၀းဝ၀ နာရီမှ နေ့လည် ၂းဝ၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီး၏ မိသားစုဝင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ UNA အဖွဲ့ဝင်ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံ စာရေးများသမဂ္ဂ အစရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဆရာကြီးအား […]

Continue Reading

ကျေးလက်ဒေသများရှိ မြေယာပြဿနာများအား ကူညီပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

အောင်သပြေကျေးရွာကိစ္စအပါအဝင် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မြေယာပြဿနာများအား ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၀ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄-၇၅ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒိီုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပွင့်ဖြူတွင် ကျင်းပသည့် ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား

၁၉၊ ၇၊ ၂၀၁၉။ ပွင့်ဖြူ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တော၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ်ကော်မတီက ဦးဆောင်ကျင်းပခဲ့ပါသည်။ အာဇာနည်နေ့အခမ်းအနားကို ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်းမှ စတင်၍ ပွင့်ဖြူ DPNS ရဲဘော်များက အခက်အခဲ အတားအဆီးမျိုးစုံကြားမှ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

Continue Reading

၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

၁၉၊ ၇၊ ၂၀၁၉။ ဘားအံ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ကော်မတီက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတက်ရောက်

၁၉၊ ၇၊ ၂၀၁၉။ မြင်းခြံ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မဏိကဉ္စနာခန်းမရှေ့တွင် ပြုလုပ်ခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

ချောင်းသာတွင် ကျင်းပသည့် ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်

၁၉၊ ၇၊ ၂၀၁၉။ ချောင်းသာ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ ချောင်းသာ၌ ကျင်းပပြုလုပ်ခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ချောင်းသာကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား တက်ရောက် ဂါရဝပြု

၁၉၊ ၇၊ ၂၀၁၉။ ရန်ကုန် ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်များ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

DPNS ပါတီမူဝါဒ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

၂၀၁၉၊ ဇူလိုင်၊ ၁၇။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမူဝါဒ အလုပ်ရုံဆွေးနွေးပွဲကို ၁၇ – ၁၈ ဇူလိုင်၊ ၂၀၁၉ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ ရဲဘော်များနှင့် ပါတီဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီ၏ အထွေထွေနိုင်ငံရေးသဘောထားနှင့် လတ်တလောလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

(၁၀-၁၃၊ ၇၊ ၂၀၁၉။ Wyndham Hotel) DIPD နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းစီစဉ်သည့် “မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၉၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၀ ခန့်မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာ၌ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အုပ်စုခွဲ၍ လက်တွေ့လေ့ကျင့် လုပ်ဆောင်ခဲ့ကြပါသည်။

Continue Reading

UEC နှင့် ကရင်ပြည်နယ်အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲတက်ရောက်

၂၀၁၉၊ ဇူလိုင်၊ ၉။ ဘားအံမြို့။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင်၊ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဘားအံမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Continue Reading