ရဲဘော်ညီမင်းကျဆုံးခြင်း ၂ နှစ်ပြည့် အလေးနီပြုခြင်း အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် သဝဏ်လွှာ
ရဲဘော်ညီမင်းသူ ကျဆုံးခြင်း ၂ နှစ်ပြည့် အလေးနီပြုခြင်း အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် သဝဏ်လွှာ ၁။ အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ရဲဘော်ညီမင်းသူ ကျဆုံးခြင်း ၂ နှစ် ပြည့်၊ ဗကသ ကျဆုံးရဲဘော်များ နှင့် ခေတ်အဆက်ဆက် အသက်စွန့်ခဲ့ကြသော အာဇာနည် သူရဲကောင်းများအား အလေးနီပြုခြင်း အခမ်းအနားကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အလေးအမြတ်ပြုပါသည်။၂။ ရဲဘော်ညီမင်းသူသည် လွန်ခဲ့သော ၂ နှစ်က ဖက်ဆစ်စစ်အုပ်စု၏ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နေရာတွင်ပင် ဂုဏ်ရောင်ပြောင်စွာဖြင့် ကျဆုံးခဲ့ရပေသည်။ စစ်အာဏာရှင်စနစ်ဆိုး အမြစ်ဖြတ်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ကြိုးပမ်းသည့် တော်လှန်ရေးခရီးကြမ်းဝယ် အသက်၊ ခန္ဓာ၊ ဘဝများ ထည့်ဝင်ခဲ့ကြသည့် ရဲဘော်ညီမင်းသူ အပါအဝင် ဗကသ ကျဆုံးရဲဘော်များနှင့် တော်လှန်ရေးရဲဘော်အပေါင်းတို့ကို […]
Continue Reading