ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ဂူဗိမာန်​​စောင့်​ရှောက်​​ရေးအဖွဲ့နှင့် ​မှိုင်း ငြိမ်းကွန်​ရက်​တို့၏ အစည်းအ​ဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ဂူဗိမာန်​​စောင့်​ရှောက်​​ရေးအဖွဲ့နှင့် ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ငြိမ်းချမ်း​ရေးကွန်​ရက်​တို့၏ အစည်းအ​ဝေးကို ရန်​ကုန်​မြို့၊ ​ရွှေတိဂုံဘုရားလမ်းရှိ သခင်​ကိုယ်​​တော်​မှိုင်းဂူဗိမာန်​၌ ၂၊ ၇၊ ၂၀၁၇ ​နေ့လည်​ပိုင်းတွင်​ ပြုလုပ်​ခဲ့ပါသည်​။ အစည်းအ​ဝေး၌ ဇူလိုင်​လ ၂၃ ရက်​​နေ့တွင်​ ကျ​ရောက်​မည့် သခင်​ကိုယ်​​တော်​မှိုင်းကွယ်​လွန်​ခြင်း ၅၃ နှစ်​​မြောက်​ အထိမ်းအမှတ်​အခမ်းအနား ကျင်းပ​ရေးအတွက်​ ​ဆွေး​နွေးညှိနှိုင်း​ခဲ့ကြပါသည်​။