SocDem Asia ၏ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းတက်ရောက်

ပါတီလှုပ်ရှားမှုများ

SocDem Asia ၏ စီစဉ်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံမှ ကိုမျိုးစော့ (လူ့ဘောင်သစ်လူငယ်)နှင့် ကိုစိုင်းလောင်ကွန်း( SNLD)တို့ တက်ရောက်လျက်ရှိပါသည်။ ၁၁- ၅- ၁၇ ရက် နေ့လည်ပိုင်းတွင် ဖိလစ်ပိုင်အောက်လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ရာ အောက်လွှတ်တော်တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေပြုပုံအဆင့်ဆင့်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီကြား ဆက်ဆံရေး၊ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးအခြေအနေအကျဉ်းတို့ကို ရှင်းပြဆွေးနွေးပေးခဲ့ပါသည်။


မိမိတို့ဘက်မှလည်း မြန်မာ့နိုင်ငံရေးအခြေအနေ၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းတို့ကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။