ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ (မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့) အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ
၁။ ယနေ့ ( ၁၃၊ ၃၊ ၂၀၂၄ ) ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသော ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသည်မှာ ၃၆ နှစ် ပြည်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံသည့် စိတ်ဓာတ်၊ ဆုံးရှုံးနေသည့် လူ့အခွင့်အရေး အတွက် တော်လှန်သောလုပ်ရပ်တို့ကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံလူ့အခွင့်အ ရေးနေ့ဟု (၁၃၊ ၃ ၊၁၉၈၉) ရက်နေ့ စက်မှုတက္ကသိုလ်မြက်ခင်းပြင် လူထုအစည်းအဝေးကြီးက တညီတညွတ် တည်း သတ်မှတ် ကြေညာခဲ့ကြသည်။
၂။ အာဇာနည်ရဲဘော် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ ပြည်သူအတွက် ကိုယ်ကျိုးမငဲ့ တပ်ဦးအလံတလက်ကဲ့သို့ ရဲဝံ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခဲ့မှုများကြောင့် တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးမှသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုတည်ဆောက်ရေးအထိ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်ခဲ့ပေသည်။
၃။ ယနေ့ နွေဦးတော်လှန်ရေးသည် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၏ အဆက်ဖြစ်သကဲ့သို့ နွေဦးတော် လှန်ရေး သူရဲကောင်းအပေါင်းသည်လည်း ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ လက်ဆင့်ကမ်းမျိုးဆက်များပင် ဖြစ် ပေသည်။ မျိုးဆက်အသီးသီး လက်ဆင့်ကမ်း ထမ်းရွက်ခဲ့ကြသော သမိုင်းပေးတာဝန်များကို မိမိတို့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် အောင်ပွဲရသည်အထိ မမှိတ်မသုန် ထမ်းရွက်သွားမည်ဟု လေးနက်တည် ကြည်စွာ သန္နိဌာန် ပြုပါသည်။
၄။ တော်လှန်ရေးပန်းတိုင်ဆီ အလျင်အမြန် ရောက်ရှိရေးမှာ တော်လှန်ရေးအင်အားစုများအကြား စုစည်းညီ ညွတ်မှု၊ ဘုံသဘောတူညီချက်များ ချမှတ်နိုင်မှု၊ ပေါင်းစပ်လက်တွဲပြီး ဟန်ချက်ညီ အကောင်အထည်ဖော်နိုင်မှု တို့အပေါ်တွင် အပြည့်အဝတည်မှီနေသည့်အတွက် မိမိတို့ အင်အားစုအသီးသီးအနေဖြင့် သွေးစည်းညီညွတ် မှုကို အလေးအနက်ထား တည်ဆောက်လျက် အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်ကြပါရန် လေးစားစွာ တိုက်တွန်း ရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂ဝ၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်။