ရက္ခိုင့်တပ်တော် ( AA ) တည်ထောင်ခြင်း ( ၁၅ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

ရက္ခိုင့်တပ်တော် (AA) တည်ထောင်ခြင်း(၁၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၁၀၊ ၄၊ ၂၀၂၄ နေ့တွင် ရက္ခိုင့်တပ်တော် (AA) စတင် တည်ထောင်ခဲ့သည်မှာ (၁၅) နှစ်ပြည့်ပြီ ဖြစ်ပေသည်။
၂။ ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်သူပြည်သားများနှင့်တကွ လူမျိုးပေါင်းစုံ ဗမာပြည်သူတရပ်လုံးအပေါ် မတ ရား ဖိနှိပ်အုပ်စိုးလျက်ရှိသည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ (၁၅) နှစ်တိုင်အောင် ကြံ့ကြံ့ခံ တိုက်ပွဲဝင်လျက် ရခိုင် ပြည်သူအများ၏ လေးစား၊ ထောက်ခံမှုကို အရယူနိုင်ခဲ့သလို မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် မိတ်ကောင်း ဆွေမွန် ပီသစွာ လက်တွဲနိုင်ခဲ့ခြင်းကိုလည်း လေးလေးစားစား ဂုဏ်ယူ၊ မှတ်တမ်းတင်အပ်ပါသည်။
၃။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ ပြည့်မြောက် အောင် မြင်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တရပ် ပေါ်ပေါက်လာသည်အထိ ရက္ခိုင့် တပ်တော် (AA) နှင့်တကွ ရခိုင်အမျိုးသားပြည်သူများ၏ မိတ်ဆွေအင်အားစုအဖြစ် လက်တွဲဆောင်ရွက်သွားမည့်အကြောင်း အလေးအနက် အဓိဋ္ဌာန်ပြုလျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။ ။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်။