ကျောင်းသားလက်ရုံးတပ်မတော်( SAF ) တည်ထောင်ခြင်း ( ၃ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

ကျောင်းသားလက်ရုံးတပ်မတော် (SAF) တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

၁။ကျောင်းသားလက်ရုံးတပ်မတော် (SAF) စတင် တည်ထောင် တိုက်ပွဲဝင်ခဲ့သည်မှာ ယနေ့ (၂၇၊ ၄၊ ၂၀၂၄) တွင် ၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
၂။ ၃ နှစ်တာကာလ တိုက်ပွဲ ဖြတ်သန်းမှုအတွင်း နွေဦးတော်လှန်ရေး တော်လှန်တိုက်ပွဲ အင်အားစုတရပ် အဖြစ် ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ခဲ့မှုကိုလည်းကောင်း၊ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တိုက်ပွဲ ဖော် မိတ်ဆွေကောင်း အင်အားစုတရပ်အဖြစ် ရပ်ခံ ဆောင်ရွက်ခဲ့မှု အဝဝကိုလည်းကောင်း မိမိတို့ပါတီက ဝမ်းမြောက် ဂုဏ်ယူမှု အပြည့်ဖြင့် မှတ်တမ်းတင်အပ်ပါသည်။
၃။ မိမိတို့ပါတီအနေဖြင့် ရှေ့တွင် ဆက်လက် တိုက်ပွဲဆင်နွှဲရန် ကျန်ရှိနေသည့် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးမျှော်မှန်းချက်များ ပြည့်မြောက် အောင်မြင်သည်အထိ တိုက်ပွဲဝင်ရမည့် အခန်းဆက်တိုက်ပွဲ တိုင်း၌ ကျောင်းသားလက်ရုံးတပ်မတော် (SAF) နှင့်အတူ၊ လူမျိုးပေါင်းစုံ ဗမာပြည်သူတရပ်လုံးနှင့်အတူ ချစ်ကြည် ရင်းနှီးစွာ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိဓိဋ္ဌာန်လျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဧပြီလ၊ (၂၇) ရက်။