ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဖွဲ့စည်း တည်ထောင်ခြင်း (၄၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ
၁။ ယနေ့ (၂၆၊ ၆၊ ၂၀၂၄) နေ့တွင် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်မှာ ၄၆ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။
၂။ ၄၆ နှစ်တာ တော်လှန်ရေးခရီး ဖြတ်သန်းမှု တလျှောက် (ရန်သူ – မိမိ – ပြည်သူ) အခြေခံ အကြောင်းအချက်များ အားလျော်စွာ နည်းသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲ ကျင့်သုံးရပ်တည်ခဲ့ရာမှ ၁၊ ၇၊ ၂၀၂၃ မှ စတင်လျက် လူမျိုးစုံဗမာ ပြည်သူတို့နှင့် တသားတည်းရပ်တည်လျက် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ်တွင် ပူးပေါင်း ပါဝင်တိုက်ခိုက်နိုင်ခြင်း အား ဂုဏ်ပြောင်သော သမိုင်းမော်ကွန်းတရပ်အဖြစ် မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အလေးအနက် မှတ်တမ်းတင်အပ်ပါသည်။
မိမိတို့ပါတီနှင့် ကာလရှည်ကြာ မိတ်ဆွေအင်အားစုတရပ်အဖြစ် လက်တွဲနိုင်ခဲ့ခြင်းကိုလည်း လှိုက်လှိုက်လှဲလှဲ ဝမ်း မြောက် ဂုဏ်ယူကြောင်း ဖေါ်ပြအပ်ပါသည်။
၃။ ဆက်လက်၍လည်း လူမျိုးပေါင်းစုံ ဗမာပြည်သူတို့အတွက် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသည့် လူ့အဖွဲ့ အစည်းအသစ်တရပ် ထူထောင်အောင်မြင်သည်အထိ မိမိတို့အကြားရှိ ချစ်ကြည်သွေးစည်းမှုကို အခိုင်အမာ တည် ဆောက် တိုးချဲ့လျက် လက်တွဲ တိုက်ပွဲဝင်သွားနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဖေါ်ပြရင်း ဂုဏ်ပြုသဝဏ် လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၆ ရက်။