ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ
(၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ
၁။ ယနေ့ (၈၊ ၈၊ ၂၀၂၄) ရက်နေ့တွင် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီးသည် (၃၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။
၂။ လူထုလူတန်းစားအလွှာအသီးသီးနှင့် လူမျိုးစုံပြည်သူလူထုကြီးသည် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေး တော်ပုံကြီးဖြင့် ဗိုလ်နေဝင်းဦးဆောင်သည့် မဆလ တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ခဲ့ကြသည်။
၃။ အဆုံးတိုင် ဖျက်သိမ်းမပစ်လိုက်နိုင်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို တစမကျန် အကုန်အစင် ဖျက်သိမ်းပစ် နိုင်ရေးအတွက် လူမျိုးစုံပြည်သူလူထုကြီးက တိုက်ပွဲအလီလီ ဆက်ပြီး တိုက်ခဲ့ကြသည်မှာ ယနေ့ ဆင်နွှဲနေကြ သည့် နွေဦးတော်လှန်ရေးကြီးအထိ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည် ယုံကြည်သည်။
၄။ နွေဦးတော်လှန်ရေးကြီးအနေဖြင့် စစ် ၃ စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို တစမကျန် ဖယ်ရှား ဖျက်သိမ်းပစ်ကြရမည် ဖြစ်ပါသည်။ သို့မှသာ လူမျိုးစုံပြည်သူ လူထုကြီး၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အခိုင်အမာ တည်ဆောက် နိုင်လိမ့်မည် ဖြစ်ပါသည်။
၅။ မိမိတို့ပါတီအနေဖြင့် အရေးတော်ပုံကြီး၏ မပြီးဆုံးသေးသည့် လုပ်ငန်းတာဝန်များကို အပြည့်အဝ အဆုံး သတ် ဖော်ဆောင်နိုင်ရေးအတွက် မိတ်ဖက်အင်အားစုအသီးသီးနှင့်အတူ၊ လူမျိုးစုံပြည်သူလူထုကြီးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ ၈ ရက်။
![](https://www.dpnsburmese.org/wp-content/uploads/2025/01/36th-DPNS-Aug-8-2024.jpg)