အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု – ဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ

ထုတ်ပြန်ချက်များ ဝမ်းနည်းကြောင်း သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် (၇၊ ၁၀၊ ၂၀၂၄) ရက်နေ့ နံနက် ၃:၀၀ နာရီခန့်က ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်သူ မိသားစုဝင် များနှင့် ထပ်တူ၊ အဖွဲ့ချုပ် ပါတီဝင်များနှင့် ထပ်တူ မိမိတို့ပါတီမှ အထူးပင် ဝမ်းနည်းကြရပါသည်။
ဒေါက်တာဇော်မြင့်မောင်သည် စစ်အုပ်စုက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေဖျက် သိမ်းပစ်ခဲ့သည့် ကာလတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေဖျက်သိမ်းပစ် သည့် ယခုကာလတွင်လည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူများနှင့်အတူ၊ မိတ်ဖက် အင်အားစုအသီးသီးနှင့် အတူ၊ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည် တိုက်ပွဲဝင်ခဲ့မှုများအပေါ် မိမိတို့ပါတီက တန်ဖိုးထားစွာ မှတ်တမ်းတင်ထား မည် ဖြစ်ပါသည်။
ဒေါက်တာဇော်မြင့်မောင် ကောင်းရာဘုံဘဝ ရောက်ပါစေ။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂ဝ၂၄ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။