မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော်ကို ဖွဲ့ စည်းတည်ထောင်ခဲ့ကြသည်မှာ ယနေ့ (၁ ၊၁၁၊ ၂ဝ၂၄) ရက်နေ့တွင် ၃၆ နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ABSDF ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များအားလုံး ကျန်းမာဘေးကင်းပြီး ရွှင်လန်းချမ်းမြေ့ ရှိကြပါစေ ကြောင်း ဆုမွန်ကောင်း တောင်းလျက် ချစ်ခင်လှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ ခက်ခဲကြမ်းတမ်းလှသည့် ၃၆ နှစ်တာ ဖြတ်သန်းမှုသမိုင်းတလျှောက် တိုင်းပြည်နှင့် လူမျိုးစုံပြည်သူလူထုကြီးအတွက် အသက်ပေးခဲ့ကြသည့်၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြသည့် ABSDF တပ်ဖွဲ့ဝင် ရဲဘော်အပေါင်းကို မိမိတို့ပါတီမှ လေးစား တန်ဖိုးထားစွာ ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။
ABSDF နှင့် မိမိတို့ပါတီသည် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီးတွင် အတူတိုက်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို အခြေပြုဖွဲ့စည်းခဲ့ကြသော ညီနောင်အဖွဲ့အစည်းများ ဖြစ်သည့်အပြင် စတင်ဖွဲ့စည်းစဉ် မှစ၍ ယနေ့အထိတိုင် အစဉ်လက်တွဲ တိုက်ပွဲဝင်နေနိုင်မှုသည် အဖွဲ့အစည်း ၂ ရပ်လုံးအတွက် တန်ဖိုးဖြတ်မရသည့် ဂုဏ်ယူဖွယ်ရာသမိုင်း ဖြစ်ပါသည်။
NCA လမ်းကြောင်းမှ ပြတ်ပြတ်သားသား ခွဲထွက်ခဲ့ခြင်း၊ နွေဦးတော်လှန်ရေးအင်အားစုအသီးသီးနှင့် လက် တွဲလျက် စစ်ဒေသအသီးသီးတွင် ABSDF ၏ ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေနိုင်ခြင်းများအပေါ် မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူတန်ဖိုးထားပါသည်။
မိမိတို့ပါတီအနေဖြင့် ABSDF နှင့်အတူ၊ မိတ်ဖက်အင်အားစုအသီးသီးနှင့်အတူ၊ လူမျိုးစုံပြည်သူလူထုကြီး နှင့်အတူ နွေဦးတော်လှန်ရေးရည်မှန်းချက် ၃ ရပ် အပြည့်အဝ အောင်ပွဲခံသည်အထိ ကျရာအခန်းမှ အစွမ်းကုန် ကြိုး ပမ်းထမ်းရွက်သွားမည်ဟု ကတိသစ္စာပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ABSDF နှင့် DPNS တို့၏ ချစ်ကြည်သွေးစည်းမှု အဓွန့်ရှည်ပါစေ။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။