NNER ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေး(ပထမနေ့)

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေးကို ၂၀၁၈၊ ဇွန်လ ၂၂ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် လုပ်ငန်းအဖွဲ့များ၏ ၆ လတာအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား တင်ပြခဲ့ကြပါသည်။ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း အစည်းအဝေးတက်ရောက်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍအကြောင်း ဟောပြောဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ဒေါက်တာသိန်းလွင်နှင့် Ms Helen Dabu တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။