လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ်လူငယ် တွဲဘက်အတွင်းရေးမှူး ကိုဝေဇင်နှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်ချိုဦးတို့သည် ၂၀၁၈ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်း ဇီးကုန်းမြို့နယ် စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ အစည်းအဝေးတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်သဘောထား ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ဇီးကုန်းမြို့နယ် စည်းကော်မတီ၏ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။