လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်စည်းရုံးရေးကော်မီတီနှင့် တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ပေါက်ခေါင်းမြို့နယ် စည်းကော်မတီဝင်များကလည်း မြို့နယ်အတွင်း စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။