ငြိမ်းစုစီဥပဒေ ပုဒ်မ(၁၉)ဖြင့် တရားစွဲဆိုခံထားရသည့် လူငယ် (၃) ဦးအမှုကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ကယားပြည်နယ်အာဏာပိုင်များက ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်နေ့တွင် အမှုရုပ်သိမ်းပေးခဲ့ပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် တစ်ပြည်လုံးမှ အရပ်ဘက်အဖွဲ့အစည်းများ လာရောက်ဝန်းရံပေးခဲ့ကြသည်။ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီဒူး ကယန်းမျိုးဆက်သစ်လူငယ်မှ ခွန်းအသန်းနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ခူးတူးရယ်တို့ လွိုင်ကော်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာခဲ့ပြီး ကယားပြည်နယ်ကျောင်းသားများသမဂ္ဂမှ ခွန်းရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်းနှင့် ခွန်းဂျွန်ပေါ၊ ကရင်နီတောင်သူလယ်သမားများသမဂ္ဂမှ ဒီးဒီနှင့် ကရင်နီပြည်လူငယ်များသမဂ္ဂမှ ခွန်းဘိုဘိုတို့ မနက်ဖြန် ၂၄ ရက်နေ့တွင် လွတ်မြောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။