ဇီးကုန်းမြို့နယ်စည်းရုံးရေး ကော်မတီဖွဲ့စည်းခြင်း

ပါတီလှုပ်ရှားမှုများ

လူ​့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ​ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီဖွဲ့စည်းခြင်းကို ၂၀၁၈ ဇန်နဝါရီလ ၇ ရက် နေ့လည်ပိုင်းတွင် ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ပြုလုပ်ခဲ့ရာ ပါတီဗဟို​စည်းရုံးရေးကော်​မတီဝင်​များဖြစ်ကြသည့် ဦးဝဏ္ဏနှင့် ဦးနိုင်လွင်ချိုတို့ တက်ရောက်ဖွဲ့စည်း​ပေးခဲ့ကြပါသည်။ ဇီးကုန်းစည်းကော်မတီဖွဲ့စည်းသည့် အစည်းအဝေးသို့ ပြည်​၊ ​ရွှေ​တောင်၊ ​ပေါက်​​ခေါင်း၊ ​ပေါင်းတည်​မြို့တို့မှ စည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။