အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ဒုတိယမြောက်နေ့ကို ၂၀၁၇ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ယခင်နေ့ ဆွေးနွေးရရှိချက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ပါတီခေါင်းဆောင်မှုအဆင့်ဆင့်၌ အမျိုးသမီးများပါဝင်မှု မြင့်တက်လာစေရေးအတွက် လုပ်ငန်းစဉ်များကိုလည်း ရေးဆွဲခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။