DPNS ပါတီတည်ဆောက်ရေးမဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(တတိယနေ့)

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေး မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(တတိယနေ့)ကို ၂၀၁၇၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့်ရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ဆွေးနွေးပွဲဒုတိယနေ့ ရရှိချက်များအား ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအချိန်ဇယားကို ညှိနှိုင်းရေးဆွဲခဲ့ကြပါသည်။