DPNS ပါတီတည်ဆောက်ရေးမဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့)

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေး မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ၂၀၁၇ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားရာတွင် ပါတီတည်ဆောက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။ အတွင်းရေးမှူး(၁) ဦးသီဟက ၂၀၁၇ ခုနှစ်အတွင်း ပါတီတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားသာချက်များ၊ အားနည်းချက်များကို တင်ပြပေးခဲ့ပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ ရရှိချက်များအား ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့်ရဲဘော်များက ပါတီတည်ဆောက်ရေးအတွက် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ၊ အားသာချက်များ၊ အားနည်းချက်များကို အုပ်စုအလိုက် ဆွေးနွေးခဲ့ကြပါသည်။