DPNS သံချပ် အဖွင့်စကား ( စစ်ကိုင်းငလျင်အတွက် ဝမ်းနည်းစကား ) 

၂၈၊ ၃၊ ၂၀၂၅ ရက်နေ့မှာ  အလွန်ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။ အဆိုပါ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပျဉ်းမနား၊ ပျော်ဘွယ်၊ အင်းလေးဒေသ အပါအဝင် မြို့ပေါင်းများစွာမှ လူမျိုးစုံပြည်သူတွေ ထောင်နဲ့ချီပြီး သေကြေပျက်စီး ဒဏ်ရာရခဲ့ကြသလို နေအိမ်အဆောက်အအုံတွေ မရေမတွက်နိုင်အောင် ပျက်စီးခဲ့ရပါတယ်။ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဘုရားစေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ပလီတွေလည်း ပျက်စီးခဲ့ရပါတယ်။  ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခပေါင်းများစွာနဲ့ ကြုံတွေ့နေရချိန်မှာ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုကတော့ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရမယ့်အစား အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ နေ့စဉ် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်လျက် ရှိပါတယ်။ ဒါက အာဏာသိမ်းစစ်အုပ်စုရဲ့ လူသားချင်းစာနာမှု ကင်းမဲ့တာ၊ သူတို့ အာဏာတည်မြဲရေးအတွက်ဆိုရင် နည်းလမ်းပေါင်းစုံသုံးတာကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ လူမှုအသင်းအဖွဲ့တွေ၊ […]

Continue Reading