၁၃၄ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ
၁၃၄ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၁၊ ၅၊ ၂ဝ၂၄) သည် အလုပ်သမားထု၏ တိုက်ပွဲသမိုင်း၌ အထင်ကရ အရေးပါလှသော မေဒေးနေ့ ၁၃၄ ကြိမ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ဤနေ့တွင် တရားမျှတရေးနှင့် မိမိတို့ လူတန်းစားဘဝ လွတ်မြောက်ရေးတို့ အတွက် အသက်၊ သွေး၊ ချွေးများရင်း၍ သမိုင်းစဉ်တလျှောက် ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံမှ အလုပ်သမားထုကြီးအား မိမိတို့ပါတီက ဦးညွတ် ဂုဏ်ပြုအပ်ပါသည်။၂။ တပတ်လျှင် နာရီ ၄၀ အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူ သော မေဒေးရလဒ်ကိုမျှ ပြည့်ဝစွာ မခံစားကြရသေးသော မိမိတို့ မြန်မာ့အလုပ်သမားထုမှာ ရသင့်ရထိုက်သည့် ဂုဏ်သိက္ခာနှင့် […]
Continue Reading