( ၆၂ ) နှစ်မြောက် ၇ – ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ
(၆၂) နှစ်မြောက် ၇-ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၇၊ ၇၊ ၂၀၂၄) နေ့သည် ၁၉၆၂၊ ၇-ဇူလိုင် လူသတ်ပွဲ (၆၂) နှစ်ပြည့်သည့်နေ့ ဖြစ်သည်။(၇၊ ၇၊ ၆၂) ရန်ကုန်တက္ကသိုလ် – သွေးမြေကျ လူသတ်ပွဲသည် ဘက်တဖက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ၏ ရဲရင့်ဂုဏ်ပြောင်သော သမိုင်းမော်ကွန်း ဖြစ်သည်။အခြားတဖက်တွင် တော်လှန်ရေးကောင်စီ အမည်ခံ အာဏာသိမ်းစစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်သော ဘီလူး ဇာတိရုပ်ကို ကမ္ဘာသိ မျက်နှာဖုံးချွတ်ခွာပြလိုက်ခြင်း ဖြစ်သည်။၂။ ယနေ့ထက်တိုင် ၇ ဇူလိုင် အရေးတော်ပုံအတွင်း ကျောင်းသူ ကျောင်းသား မည်မျှ သေကြေခဲ့ကြ ထိခိုက်ဒဏ်ရာရခဲ့ ကြခြင်းအား စာရင်းတိကျစွာ မဖေါ်ထုတ်ပေးနိုင်ခြင်း၊ ၎င်းဖြစ်စဉ်အတွက် တာဝန်ရှိသူတို့အား […]
Continue Reading