ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၃၆) နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက် ၁။ ယနေ့ ( ၈၊ ၈၊ ၂၀၂၄ ) ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီးသည် (၃၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်ရဲဘော် အပေါင်းတို့အား မိမိတို့ပါတီက လေးစားတန်ဖိုးထားစွာ ဦးညွှတ် အလေးပြုအပ်ပါသည်။၂။ လူထုလူတန်းစားအလွှာအသီးသီးနှင့် လူမျိုးစုံပြည်သူလူထုကြီးသည် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေး တော်ပုံကြီးဖြင့် ဗိုလ်နေဝင်းဦးဆောင်သည့် မဆလ တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ခဲ့ကြသော်လည်း စစ်အာဏာရှင်စနစ်ကိုမူ မဖျက်သိမ်းနိုင်ခဲ့ကြပေ။ ၃။ စစ်အာဏာရှင်စနစ်သည် နာတ၊ နအဖ၊ စစ်တပိုင်းအစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ စသည့် အသွင် သဏ္ဍာန်မျိုးစုံတို့ဖြင့် လူမျိုးစုံပြည်သူလူထုကြီးအပေါ် […]
Continue Reading