Month: July 2024
ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ
ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁။ ကရင့်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဌဟောင်း ဆရာမနော်စီဖိုးရာစိန် (၂၄၊ ၇၊ ၂ဝ၂၄) နေ့က ဆုံးပါးကွယ်လွန်ကြောင်း ကြားသိရပါသည်။ ထို့အတွက် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ၊ ကရင့်အမျိုးသားအ စည်းအရုံး (KNU) နှင့်ထပ်တူ၊ ကရင့်အမျိုးသားထုကြီးနှင့်ထပ်တူ မိမိတို့ပါတီက များစွာ ဝမ်းနည်းကြေကွဲ ဖြစ်ရပါ သည်။၂။ ဆရာမနော်စီဖိုးရာစိန်သည် ကရင့်အမျိုးသားအစည်းအရုံး (KNU) တွင်လည်းကောင်း၊ ကရင့်အမျိုးသမီးအစည်း အရုံး (KWO) တွင်လည်းကောင်း၊ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးတပ်ပေါင်းစုကြီးများတွင်လည်းကောင်း ကြီး မားသည့်နိုင်ငံရေးတာဝန်များကို ကျေမွန်စွာထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်အကုန် အစင်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်၁ ရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရေး တိုက်ပွဲစဉ်ကြီးအတွင်းတွင် မိမိတို့ပါတီအပါအဝင် မိတ်ဖက်အင် အားစုအသီးသီးနှင့် တက်ကြွစွာ […]
Continue Reading
အာဇာနည်ဟာ ၉ ဦးတည်းလား (ဆွေနွေးပွဲ စကားဝိုင်း)
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၂၄ ရက် ဒေါ်နှင်းနှင်းမွှေးတွဲဖက်အထွေထွေအတွင်းရေးမှူး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS
Continue Reading
“ ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် လူထုအကြပ်အတည်း ”( စကားဝိုင်း )
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက် ဒေါ်နှင်းနှင်းမွှေးတွဲဖက်အထွေထွေအတွင်းရေးမှူး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS
Continue Reading
မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် ( ၇/၂၀၂၄ )
မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် (၇/ ၂၀၂၄) ၁။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာနေ ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂမှ မောင်မြင့်မြတ်ဦး သည် ၈၊ ၇၊ ၂ဝ၂၄ ညက ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ကြားသိရပါသည်။၂။ ကျောင်းသားငယ်တဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းအား မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချအပ်ပါသည်။ ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် သမဂ္ဂကျောင်းသားများနည်းတူ စာနာ ဝမ်းနည်းကြောင်းလည်း ဖော်ပြအပ်ပါသည်။၃။ ၎င်းအမှုမှန်ကို စိစစ် ဖော်ထုတ်လျက် တာဝန်ရှိသူများကို တိတိကျကျ အရေးယူနိုင်ရေး ဆောင်ရွက်မှုတိုင်းအား မိမိတို့ပါတီအနေဖြင့် အစွမ်းကုန် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါ သည်။ ဗဟိုဦးဆောင်ကော်မတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်။
Continue Reading
( ၆၂ ) နှစ်မြောက် ၇ – ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ
(၆၂) နှစ်မြောက် ၇-ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၇၊ ၇၊ ၂၀၂၄) နေ့သည် ၁၉၆၂၊ ၇-ဇူလိုင် လူသတ်ပွဲ (၆၂) နှစ်ပြည့်သည့်နေ့ ဖြစ်သည်။(၇၊ ၇၊ ၆၂) ရန်ကုန်တက္ကသိုလ် – သွေးမြေကျ လူသတ်ပွဲသည် ဘက်တဖက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ၏ ရဲရင့်ဂုဏ်ပြောင်သော သမိုင်းမော်ကွန်း ဖြစ်သည်။အခြားတဖက်တွင် တော်လှန်ရေးကောင်စီ အမည်ခံ အာဏာသိမ်းစစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်သော ဘီလူး ဇာတိရုပ်ကို ကမ္ဘာသိ မျက်နှာဖုံးချွတ်ခွာပြလိုက်ခြင်း ဖြစ်သည်။၂။ ယနေ့ထက်တိုင် ၇ ဇူလိုင် အရေးတော်ပုံအတွင်း ကျောင်းသူ ကျောင်းသား မည်မျှ သေကြေခဲ့ကြ ထိခိုက်ဒဏ်ရာရခဲ့ ကြခြင်းအား စာရင်းတိကျစွာ မဖေါ်ထုတ်ပေးနိုင်ခြင်း၊ ၎င်းဖြစ်စဉ်အတွက် တာဝန်ရှိသူတို့အား […]
Continue Reading