ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်)
အောက်တိုဘာ ၁၊ ၂၀၁၉။ ■ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူထားတဲ့ မူလသဘောထားကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကုမ္ပဏီအနေနဲ့ တရားဝင်လက်ခံရရှိတာ မရှိသေးဘူးလို့ Myanmar Yang Tse ကုမ္ပဏီတာဝန်ရှိသူက RFA ကို ပြောပါတယ်။ တိုင်းအစိုးရအဖွဲ့ရဲ့မနေ့က ကြေညာချက်ကို ကြိုဆိုပေမယ့် အပြည့်အဝ မယုံကြည်သေးဘူးလို့လည်း ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေ ပြောကြပါတယ်။ တရုတ်နိုင်ငံသားပိုင် Myanmar Yang Tse ကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ယင်းမာပင်၊ ကနီနဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီး ကြေးနီနဲ့ ဆက်စပ်ပစ္စည်းရှာဖွေဖို့ တင်ပြခဲ့ရာမှာ ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီးအစိုးရရဲ့ သဘောထားကို တောင်းခံခဲ့တာပါ။ တိုင်းဒေသကြီးအစိုးရက ကုမ္ပဏီက လုပ်ငန်းလုပ်ခွင့်တောင်းခံခဲ့တဲ့ မြေဧက တစ်သိန်းတစ်သောင်းကျော်ထဲက စိုက်ပျိုးမြေ၊ […]
Continue Reading