SYCB တည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားသို့တက်ရောက်

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် SYCB ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ဇန်နဝါရီ ၈ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Orchid ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် SYCB သဘာပတိအဖွဲ့နှင့် အကြံပေးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် DPNS ဗဟိုဦးဆောင်ကော်မတီဝင် ဦးတိုးတိုးထွန်းလည်းတက်ရောက်ပြီး အမှတ်တရစကား ပြောကြားခဲ့ပါသည်။ အမှတ်တရစကားပြောကြားရာတွင် လက်ရှိနိင်ငံရေးအခင်းအကျင်း လူမျိုးပေါင်းစုံကျောင်းသားလူငယ်များသွေးစည်းချစ်ကြည်ပြီး အတူတကွပူးပေါင်းလက်တွဲဆောင်ရွက်ကြရေး စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး ငြိမ်းချမ်းရေး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ၂၁ ရာစုပင်လုံညီလာခံ၏ လက်ရှိအခြေအနေ အပစ်အခတ်ရပ်စဲရေးစာချုပ်NCA ပျက်သလိုဖြစ်နေပြီး စစ်ပွဲများဖြစ်ပွါးနေသည့်အခြေအနေများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

Continue Reading

ဇီးကုန်းမြို့နယ်စည်းရုံးရေး ကော်မတီဖွဲ့စည်းခြင်း

လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ​ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီဖွဲ့စည်းခြင်းကို ၂၀၁၈ ဇန်နဝါရီလ ၇ ရက်နေ့လည်ပိုင်းတွင် ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ပြုလုပ်ခဲ့ရာ ပါတီဗဟို​စည်းရုံးရေးကော်​မတီဝင်​များဖြစ်ကြသည့် ဦးဝဏ္ဏ နှင့် ဦးနိုင်လွင်ချိုတို့ တက်ရောက်ဖွဲ့စည်း​ပေးခဲ့ကြပါသည်။ ဇီးကုန်းစည်းကော်မတီဖွဲ့စည်းသည့် အစည်းအဝေးသို့ ပြည်​ ​ရွှေ​တောင်​ ​ပေါက်​​ခေါင်း ​ပေါင်းတည်​မြို့တို့မှ စည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

မြင်းခြံ DPNS ရဲဘော်များအား MIGS က လာရောက်တွေ့ဆုံဆွေးနွေး

Myanmar Institute of Gender Studies (MIGS)အဖွဲ့ဝင်များသည် ၂၀၁၈ ဇန်နဝါရီ ၇ ရက်နေ့တွင် DPNS မြင်းခြံစည်းရုံးရေးကော်မတီဝင်များ DPNS အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ လယ်သမားအရေးလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆ ပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်း ငြိမ်းချမ်းရေးတွင် အမျိုးသမီးများပါဝင်မှု၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စပ်ဆက်မှုအခြေအနေ ကာကွယ်စောင့်ရှောက်မှု့နှင့် ကြိုတင်ကာကွယ်မှု လိုအပ်ချက် ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများဆက်စပ်မှု ဆုံးဖြတ်ချက်ချသည့်နေရာ၊ ဦးဆောင်နိုင်မှုတို့တွင် အမျိုးသမီးနှင့် အမျိုးသား ပါဝင်မှုအချိုးအစား ပဋိပက္ခဖြစ်ပွါးရာဒေသများတွင် အမျိုးသမီးများ၏ လုံခြုံရေးခြိမ်းခြောက်ခံနေရသည့် အခြေအနေများ စသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ရန်ကုန်တိုင်းကျောက်တံတားမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာနှင့် DVB Editorial Talk

အစိုးရ ကတိကဝတ် ဖော်ဆောင်နိုင်မှုအပေါ် သုံးသပ်ချက် DVB : Editorial Talk

Continue Reading

ရေကြည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် ရုံးခန်းဖွင့်ပွဲ

အမှတ်(၃)ရပ်ကွက်၊ ရေကြည်မြို့နယ်ရုံးခန်းဖွင့်ပွဲကို ၂၀၁၈ ဒီဇင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပွဲသို့ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ညစာစားပွဲသို့ တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က တည်ခင်းဧည့်ခံသည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ညစာစားပွဲကို ၂၀၁၈ ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆းဝ၀ နာရီမှ ၉းဝ၀ နာရီအထိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံခြားသံတမန်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါညစာစားပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″] 

Continue Reading

နှစ်(၇၀)မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဘားအံမြို့နယ် စည်းရုံးရေးကော်မတီမှ တက်ရောက်

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြရာ DPNS ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

DPNS COC များ ဘိုကလေးစည်းကော်မတီနှင့် တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်သက်ဇွန်လင်းထင် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ ကိုရဲအောင်အေး တို့ပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ဇန်နဝါရီလ ၄ ရက် နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ထိုသို့ရောက်ရှိရာတွင် ဘိုကလေးမြို့နယ်စည်းရုံးရေးကေိာမတီဥက္ကဋ္ဌ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံပြီး မြို့နယ်စည်းရုံးရေးအခြေအနေများ ဌာနချုပ်၏ ဆောင်ရွက်ထားရှိမှုများကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါသည်။

Continue Reading

DPNS ဗဟိုဦးဆောင်ကော်မတီနှင့် WWC တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် ပါတီ၏ အမျိုးသမီးလုပ်ငန်းကော်မတီ – WWC(Women Working Committee) တို့သည် ၂-၁-၂၀၁၇ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒီဇင်ဘာ ၂၇- ၂၈ တို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးရရှိချက်များ ရှေ့လုပ်ငန်းစဉ်များကို WWC အဖွဲ့ဝင်များက တင်ပြဆွေးနွေးခဲ့ပါသည်။ ၂၉- ၃၀- ၃၁ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးခေါင်းဆောင်မှုသင်တန်း ရရှိချက်နှင့် အခြေအနေတို့ကိုလည်း တင်ပြခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူများက WWC ပေါ်ပေါက်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ပါတီအနေဖြင့် တတ်နိုင်သ၍ ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သိလိုသည်များနှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” […]

Continue Reading