သဘောထားထုတ်ပြန်ကြေညာချက်
(၂ / ၂၀၁၆)
၁။ လွတ်မြောက်လာသော ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများကို မိမိတို့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုနှုတ်ခွန်းဆက်ပါသည်။
၂။ ထိုသို့ လွတ်မြောက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ရဲဘော်များ လွတ်မြောက် ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အစိုးရသစ်၏ အားထုတ်မှုများအပေါ် မိမိတို့ပါတီက လေးစားအသိအမှတ်ပြုပါသည်။
၃။ ပြန်လည်လွတ်မြောက်လာပြီး (၉၊၄၊၂၀၁၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ပါ ရပ်တည်ချက်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်း ဆောင်များ၏ တရားဝင် ထုတ်ဖေါ်ပြောကြားချက်များကို မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။
၎။ ကျောင်းသားထုနှင့် လူမျိုးစုံမြန်မာပြည်သူတရပ်လုံး၏ ရေရှည်အကျိုးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာ ရေးဥပဒေတရပ် အခိုင်အမာ ပေါ်ထွက်လာရေးအတွက် ယခင်အစိုးရက ပစ်ပယ်ထားခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရသစ်၊ လွှတ်တော်သစ်တို့နှင့် ဆက်လက်ဆောင်ရွက်သွားကြရန် သက်ဆိုင်သူအားလုံးကို မိမိတို့ ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်။
၅။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီတို့ အပါ အ၀င် ကျောင်းသားသမဂ္ဂများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီမို ကရေစီပညာရေးလှုပ်ရှားမှုနှင့် မပြီးဆုံးသေးသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဆက်လက် သယ် ဆောင်ကြရမည့် ဒီမိုကရေစီအရေးတော်ပုံတပ်သားများ ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။
၆။ သို့ပါ၍ ဒီမိုကရေစီအရေးတော်ပုံတပ်သားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှု ပျက်ပြားအောင်၊ အထင်အ မြင် လွဲမှားအောင်၊ အပြန်အလှန်တန်ဖိုးထားမှု လျော့ပါးအောင် ရည်ရွယ်ချက်ရှိရှိ အကွက်ချ ပြောဆိုရေးသားနေမှုများ ကို မိမိတို့ပါတီက အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။
၇။ မိမိတို့ပါတီသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အပါအဝင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရသစ်၏ လွှတ်တော်တွင်းဆောင်ရွက်မှုများနှင့် ဆက်စပ်၊ အကောင်အထည်ဖော်သွားရေးအတွက် မိတ်ဆွေ နိုင်ငံ ရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ် အပါအဝင် ကျောင်းသားအင်အားစုများ၊ တိုင်းရင်းသားပြည်သူများ၊ အရပ်ဖက် အင်အားစုများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့နှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်၊ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း လေးလေးနက်နက် ဖော်ပြအပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၁၁ ရက်။
Continue Reading