(၁၂၅) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
၁။ ယနေ့ကျရောက်သော (၁၂၅)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)၌ မေဒေးအကြိုကာလတွင်လည်းကောင်း၊ မေဒေးနှင့် မေဒေး အလွန် ကာလတွင်လည်းကောင်း မိမိတို့နှင့်ထိုက်တန်သော ကိုယ်ပိုင်အခွင့်အရေးများ၊ ဂုဏ်သိက္ခာအဆင့်အတန်းများကို ရရှိရန် ရာစုများချီ လျက် ပြင်းထန်၊ခက်ခဲသော တိုက်ပွဲများအကြား အသက်၊သွေး၊ချွေး ပေးဆပ် စွန့်လွှတ်ခဲ့ကြသည့် အလုပ်သမား ထုကြီးအား မိမိတို့ပါတီက အလေးအနက် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။
၂။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည် ထောင်စုထူထောင်ရေး စသည့် အရေးကြီးသောနိုင်ငံရေးပြဿနာရပ်များ ရင်ဆိုင် ဖြေရှင်းနေကြရသော ယခုကာလတွင် မြန်မာနိုင်ငံအလုပ် သမားလူထုမှာ အပတ်စဉ် နာရီ(၄၀)အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူသော မေဒေးရလဒ်ကို ပြည့်ဝစွာ မခံစားကြရသေးဘဲ ယနေ့ထက်တိုင် အဖမ်းဆီး၊ အရိုက်နှက်၊ အညှဉ်းပမ်းများခံလျက် တိုက်ပွဲ ဝင်နေကြရဆဲ ဖြစ်ပေသည်။
၃။ မိမိတို့နိုင်ငံ၏ အခရာကျသော အလုပ်သမားလူထုဘဝတွင် တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းများ ဆိတ်သုဉ်းနေသမျှ မိမိတို့ မျှော်မှန်းသော ငြိမ်းချမ်း၊ ညီညွတ်၊ လွတ်လပ်၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုသစ်နှင့် အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းသစ်တရပ် ထူ ထောင်၊ရရှိနိုင်ရေးမှာ အလှမ်းဝေးနေလိမ့်ဦးမည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။
၎။ ထိုကြောင့် မိမိတို့ မျှော်မှန်းသည့် နိုင်ငံသစ်တရပ်၊ လူ့အဖွဲ့အစည်းသစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ်သမားလူထုနှင့် အခိုင်အမာ သွေးစည်းလက်တွဲပြီး အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တည်ကြည်စွာ ကတိဓိဋ္ဌာန်ပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့လိုက် ပါသည်။
ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ မေလ၊ ၁ ရက်။
Continue Reading