တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/၂၀၁၅)
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ၌ ပါဝင်ရမည့် အချက်များအားလုံးကို ၃၀-၃-၂၀၁၅ ရက် နေ့ ဆွေးနွေးပွဲတွင် ပဏာမအနေဖြင့် သဘောတူညီမှု ရရှိခဲ့ကြပြီဟု သိရှိရပါသည်။ဤသို့ သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် မိမိတို့ပါတီ အနေဖြင့် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရပြီး ဆွေးနွေးခဲ့ကြသည့် နှစ်ဖက်လုံး၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း မိမိတို့ ပါတီက အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
ဧပြီလထဲတွင် ပြုလုပ်သွားမည့် တိုင်းရင်းသားထိပ်သီးညီလာခံတွင် (NCCT)အဖွဲ့ဝင် ၁၆ ဖွဲ့ကိုသာမက (NCCT) အဖွဲ့တွင် မပါ ၀င်သေးသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုပါ ဖိတ်ကြားပြီး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲတွင် အားလုံးပါဝင် နိုင်ရန် ဆွေးနွေးညှိနှိုင်းသွားကြမည် ဆိုသည့် အစီအစဉ်ကိုလည်း မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။
အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးသည့်နောက်တွင် အင်အားစုအားလုံးပါဝင်လျက် ပြည်ထောင်စုညီလာခံတရပ် ကျင်းပပြု လုပ်ကြရလိမ့်မည်။ ထိုညီလာခံကြီးတွင် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးပြဿနာ အရပ် ရပ်အပေါ် အကျေအလည်၊ အကျယ်အပြန့် တန်းတူရည်တူ ဆွေးနွေးအဖြေရှာကြရလိမ့်မည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။
သို့ပါ၍ ယနေ့လို ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလတွင် တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေး ၀န်းကျင်ကောင်းကို တည် ဆောက်နိုင်ရန်အတွက် ဖမ်းဆီးထားသော ကျောင်းသား၊ကျောင်းသူများ၊ အလုပ်သမား၊ လယ်သမားများအပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် ဤငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် နိုင်ငံသားအားလုံး လွတ်လပ်စွာ ပါဝင်ခွင့်ပြုရန် မိမိတို့ပါတီက လေးလေးနက်နက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်။
Continue Reading